Powered by Blogger.

ပန်ဒါလေး Tian Tian က စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ ဆပ်ပြာပူဖောင်းလေးတွေနဲ့ ရေချိုးခဲ့



Smithsonian's National Zoo က ပန်ဒါလေး Tian Tian ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် ဆပ်ပြာပူဖောင်းတွေနဲ့ ရေချိုးဆော့ကစားပြီး အပန်းဖြေနေတဲ့ ဗီဒီယိုလေးကို ပြသထားပါတယ်။

Tian Tian လေးက ရေကန်ထဲမှာ ဆပ်ပြာပူဖောင်းတွေနဲ့ ရေဆော့နေတဲ့ ဗီဒီယိုကို YouTube မှာ ပြသပေးထားခဲ့တာဖြစ်ပါတယ်။
"Rub-a-dub-dub Tian Tian in a tub!" လို့ ပိုစ့်မှာ ခေါင်းစဉ်တပ်ပေးထားပါသေးတယ်။

တိရစ္ဆာန်ရုံကတော့ Tian Tian က တောတွင်းမှာရှိတဲ့ သူ့ရဲ့ဆွေမျိုးပေါက်ဖော်တွေထက် တစ်ကိုယ်ရေသန့်ရှင်းမှု ပိုရှိတယ်လို့ဆိုပါတယ်။

 “ သူက ရေထဲမှာစိမ်ပြီး နားရွက်တွေကိုလည်း ပွတ်တိုက်ဆေးကြောပါတယ်။ ပန်ဒါဝက်ဝံတွေက တောတွင်းမှာဆိုရငင်တော့ ပုံမှန်ရေချိုးလေ့မရှိပါဘူး။ ဒါပေမယ့် Tian Tian ကတော့ အဲလိုမဟုတ်တဲ့အပြင် ရေချိုးဆော့ကစားရတာကိုလည်း တော်တော်သဘောကျပါတယ် “ လို့ တာဝန်ရှိသူတွေက ရေးသားဖော်ပြထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment