Powered by Blogger.

တရုတ်မှာ သေဆုံးသွားတဲ့ လူလွတ်အမျိုးသားတွေကို လက်ထပ်ပေးဖို့ အမျိုးသမီးအလောင်းတွေကို ခိုးယူလာကြ




တရုတ်ပြည်မှာ  သရဲချင်းလက်ထပ်မှု ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာတော့ သေဆုံးသွားတဲ့ အမျိုးသမီးတွေရဲ့ အုတ်ဂူတွေဟာ ဖောက်ထွင်းခံနေရပြီး  ခေတ်စားလာတဲ့”သတို့သမီးအလောင်း” ဈေးကွက်ဝယ်လိုအားအရ   ထောင်နဲ့ချီပြီးရောင်းချခြင်းခံနေရတယ်လို့ သိရပါတယ်။

တရုတ်ပြည်ရဲ့ ရှေးအယူအဆအရ အိမ်ထောင်မပြုဘဲ သေသွားတဲ့ အမျိုးသားတွေဟာ နောက်ဘ၀တွေထိ ကံမကောင်းတတ်ကြဘူးလို့ ဆိုပါတယ်။ကံဆိုးမှုက လွတ်မြောက်နိုင်ဖို့ အတွက် မိသားစုဝင်တွေဟာ မိန်းမအလောင်းတွေကိုရှာဖွေပြီး အမျိုးသမီးရဲ့ အရိုးစုတွေကို ပြင်ဆင်ပေးပြီးနောက် သေဆုံးသွားတဲ့ အမျိုးသားနဲ့အတူတူ မြေမြှုပ်ပေးကြပါတယ်။

“သရဲနဲ့ လက်ထပ်ခြင်း”မှာ သုံးဖို့ ဂူတွေကနေ အဖောက်ခံရတဲ့ အမျိုးသမီးအလောင်းအရေအတွက်ဟာ
တဖြည်းဖြည်း မြင့်တက်လာပါတယ်။

“ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အနည်းဆုံးတော့ သုံးဒါဇင်လောက်တော့ ရောင်းချဖို့ ခိုးယူခံခဲ့ရပြီးပြီ”လို့ ပြည်နယ်ရဲဌာန လက်ထောက်ဒါရိုက်တာ လင်ဇူ(Lin Xu)က ဆိုပါတယ်။

ဒီလက်ထပ်ပေးတဲ့ ရိုးရာက အလယ်ခေတ်မှာနေထိုင်တဲ့  တရုတ်လူမျိုးတွေက စတင်ခဲ့ပြီး ခေါင်းဆောင် မာအို အာဏာရလာတဲ့  ၁၉၄၉ခုနှစ်လောက်မှာ တားမြစ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့် ယခုနှစ်များမှာ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။

မြင့်တက်လာတဲ့ လိုအပ်ချက်ကို ထိန်းထားဖို့ မလွယ်ကူသလို အလောင်းကောင်တွေကို ရောင်းရာမှာ တကယ်ပဲအကျိုးမြတ်များပါတယ်။လတ်လတ်ဆတ်ဆတ် သေဆုံးထားတဲ့ သတို့သမီးအလောင်းတွေဟာယူရိုငွေ ၁၁,၀၀၀က ဈေးပေါက်ပါတယ်။တရုတ် မူခင်းရေးရာ ဥပဒေများ အရ အလောင်းခိုးယူမှုဟာ သုံးနှစ်နဲ့အထက် ထောင်ဒဏ်ကျခံရနိုင်ပါတယ်။

ရွာတစ်ရွာမှာတော့ မိသားစုတွေဟာ ဝေးကွာတဲ့ တောင်ကုန်းတွေမှာထက်သူတို့အိမ်အနီးမှာပဲ ဂူတွေပြုလုပ်ဖို့ စတင်နေကြပါတယ်။ချမ်းသာတဲ့တစ်ချို့မိသားစုတွေကတော့ သူတို့ရဲ့ မိသားစုအုတ်ဂူကို စောင့်ကြည့်ဖို့ လူငှားတာတွေ၊ အုတ်ဂူတွေကို စတီးလ်တွေနဲ့ ကာတာတွေ၊အုတ်ဂူမှာ စီစီတီဗွီတပ်ဖို့တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment