Powered by Blogger.

ခြောက်လကြာ နာမကျန်းဖြစ်ခဲ့ပြီးမှ နှာခေါင်းထဲမှာ တွယ်ချိတ်ရှိနေမှန်းသိခဲ့ရတဲ့ ၅နှစ်အရွယ် မိန်းကလေး



ခြောက်လကြာ ပြင်းထန်တဲ့နှာခေါင်းဝေဒနာကို ခံစားနေရတဲ့ အသက်၅နှစ်အရွယ် ကယ်လီဖိုးနီးယားသူလေးဟာ နောက်ဆုံးမှာတော့နှာခေါင်းထဲက ၁.၅ လက်မရှိတဲ့ တွယ်ချိတ်ကို ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိတ်တလီ ပိုဝဲ(Kately Powell ) က သူမရဲ့သမီး ကလိုး ရူဆယ်(Khloe Russell)ကို ဆရာဝန်တွေက နှာခေါင်းပိတ်နေတယ်လို့ပြောခဲ့ပြီး ပဋိဇီဝဆေးတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

သူမက ဆက်လက်ပြီး “လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး နှာခေါင်းတစ်ဖက်က အလုပ်မလုပ်တော့ပါဘူး။
ပဋိဇီဝဆေးတွေက ကျွန်မသမီးအပေါ် ဘာအကျိုးဆက်မှ မသက်ရောက်ခဲ့ဘူး”လို့ KABC Newsကိုပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က Khloeရဲ့ဦးလေးလုပ်သူက နှာခေါင်းကလေကို မှုတ်ခိုင်းလိုက်တဲ့အခါ အဖြေထွက်လာခဲ့ပါတယ်။အဲဒါကတော့ တွယ်ချိတ်တစ်ခုဖြစ်ပါတယ်။

တစ်လက်မခွဲလောက်ရှည်တဲ့ တွယ်ချိတ်ဟာ အနက်ရောင်ဖြစ်ပြီးအနည်းငယ်ပျက်စီးနေပါပြီ။
“တွယ်ချိတ်က ကျွန်မသမီးရဲ့ နှာခေါင်းထက် ကြီးနေပါတယ်။ကျွန်မသူ့ကို ဒါဘယ်လို ၀င်သွားလဲဆိုတာမေးကြည့်မိတယ်”လို့ မိခင်ဖြစ်သူ powellက ဆိုပါတယ်။

Khloeက ရဲတိုက်ဆောက်တမ်းကစားနေစဉ် မှားယွင်းပြီး ၀င်သွားတယ်လို့ ထပ်မံ ပြောပြခဲ့ပါတယ်။

Powellက သူမဟာ သူမရဲ့အုပ်ထိန်းမှုအားနည်းတာကို ကဲ့ရဲ့တဲ့ မေးလ်တွေအများကြီးလက်ခံရရှိခဲ့တယ်လို့
UPIကို ပြောကြားခဲ့ပါတယ်။အဲဒီမေးလ်တွေအပေါ် သူမက “ဒီအဖြစ်အပျက်က သူတို့ရဲ့ကလေးတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာ လူတွေနားလည်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။

အခုဆိုရင် Khloeက ပြန်နေကောင်းလာပြီး သူမရဲ့အမေက “Khloeကတကယ်ပဲ ချန်ပီယံလေးလို ရောဂါပျောက်ကင်းနေပါပြီ’’လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI





Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment