Powered by Blogger.

ကျောင်းသူတစ်ယောက်နဲ့ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရ



ဗြိတိန်နိုင်ငံဖွား ကျောင်းသူတစ်ယောက်နဲ့အခြားမိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့အမျိုးသားတစ်ဦးဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။

အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့  ဂျက်ဆီ မက်သူး(Jesse Matthew)ဟာ University of Virginia ရဲ့ကျောင်းသူ ဟာနာဂရေဟမ် (Hannah Graham) နဲ့ အသက် ၂၀ရွယ် Virginia နည်းပညာကျောင်းသူ မော်ဂန် ဟယ်ရင်းတန်( Morgan Harrington)ကို သတ်ဖြတ်ခဲ့မှုအတွက် အပြစ်ရှိကြောင်းလျှောက်လဲရှိခဲ့ပါတယ်။

Albernale Country Circuit Court မှာ ပြုလုပ်ခဲ့တဲ့ကြားနာမှုမှာ ဗာဂျီးနီးယား( Virginia)က Matthewဟာ သူရဲ့အပြုအမူတွေအတွက် ကိုယ်စားလှယ် ရှေ့နေက တစ်ဆင့် တောင်းပန်ခဲ့တယ်လို့ BBC Newsကတင်ပြခဲ့ပါတယ်။

Matthewဟာ ဆယ်စုနှစ်တစ်ခုက လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။Matthew ဟာ လူသတ်မှု၊သွေးဆောင်မှု၊၂၀၀၅ခုနှစ်က လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတို့အတွက် တရားဝင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

Hannah နဲ့Morganတို့နှစ်ယောက်လုံးဟာ ပျောက်ဆုံးနေခဲ့တဲ့နောက်  Matthew နေထိုင်တဲ့Charlotteville အနီးမှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာပါ။အသတ်ခံရတဲ့နှစ်ယောက်ထဲက Morganသေဆုံးမှုဟာ ၂၀၀၉ခုနှစ်ထိ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ Matthew ဟာ Hannahကို သတ်မှုနဲ့ Texasမှာ အဖမ်းခံခဲ့ရပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com



Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment