Powered by Blogger.

ရှစ်နှစ်အရွယ်သားက အကြမ်းဖက်သမားတွေကို တိုက်ခိုက်မယ်လို့ ပြောခဲ့တဲ့အတွက် ဖခင်ဖြစ်သူ ကျောင်းသို့ ဆင့်ခေါ်ခံရ



ရှစ်နှစ်အရွယ် သားက အကြမ်းဖက်သမားတွေကို တိုက်ခိုက်မယ်လို့ ပြောခဲ့တဲ့အတွက် အုပ်ထိန်းသူဖခင်ကို ကျောင်းရုံးခန်းက ဆင့်ခေါ်ခဲ့ပါတယ်။
ဒါအပြင့် သူတို့မိသားစုကို လူအ, တွေလို့ လှောင်ပြောင်ခြင်းခံနေရပါတယ်။

အသက် ရှစ်နှစ်အရွယ် Rhys ရဲ့ဖခင် Mark Atkinson ကတော့ “ကျွန်တော့်အရမ်း ရှော့ခ်ရသွားပြီး ဘာပြောရမှန်းမသိအောင်ပါပဲ။ ကျွန်တော့်သားက အကြမ်းဖက်သမားဆိုတာ ကျောင်းက ဘယ်လိုများ ယုံကြည်သွားတာလဲ ” ပြောခဲ့ပါတယ်။

“ကျွန်တော့်သား ကျောင်းကပြန်လာတဲ့အခါ ဆီးရီးယားကတင်းမာမှုတွေကြောင့် ကပ်ဆိုက်ရတဲ့အကြောင်းတွေ သူတို့ဆရာကရှင်းပြတဲ့ အကြောင်းပြန်ပြောပါတယ်။ သူနဲ့ကျွန်တော် အတူထိုင်ပြီး ဆွေးနွေးတယ်ဗျ။ဆွေးနွေးပြီး နောက်နေ့မှာပဲ သူကျောင်းမှာ အကြမ်းဖက်သမားတွေကို တိုက်ချင်တယ်လို့ ပြောတော့တာပဲ။ ဒါ့အပြင် ကျောင်းကခိုလှုံသူတွေကို ကယ်ဆယ်ဖို့ ငွေအမြောက်အမြားသုံးစွဲခဲ့တယ်လို့လည်း Rhys က ပြောခဲ့တယ်လို့” ဖခင်ဖြစ်သူက ပြောပါတယ်။ 

အသက်ရှစ်နှစ်အရွယ် Rhys ဟာ St Michael and Angel Catholic Primary School က ကျောင်းသားတစ်ယောက်ပါ
Rhysရဲ့ဖခင်ကတော့”ဒါဟာ ဗြိတိန်နိုင်ငံက ကလေးတွေအတွက် ကြီးမားတဲ့ ဂယက်ရိုက်မှုပါပဲ။ ကျွန်တော့်သားက အကြမ်းဖက်သမားတွေကို တိုက်ချင်တယ်လို့ပြောတာပါ အကြမ်းဖက်သမားလုပ်မယ်လို့ပြောတာမဟုတ်ပါဘူး ဒီနှစ်ခုကအရမ်းကွာခြားပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment