Mozambiqueကမ်းခြေမှာတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတစ်ခုက မလေးရှားလေယာဉ် MH 370က ဖြစ်နိုင်
အရှေ့အာဖရိက ကမ်းရိုးတန်းပေါ်မှာ ရှိတဲ့Mozambiqueကမ်းခြေမှာ တွေ့ရှိခဲ့တဲ့လေယာဉ်အပိုင်းအစတစ်ခုဟာ ယမန်နှစ်က ပျက်ကျပျောက်ဆုံးသွားခဲ့တဲ့မလေးရှားလေယာဉ် MH370က ဖြစ်နိုင်တယ်လို့ သိရပါတယ်။
တွေ့ရှိထားတဲ့လေယာဉ်ရဲ့ အစိတ်အပိုင်းကိုတော့ စစ်ဆေးဖို့အတွက်မလေးရှားနိုင်ငံကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။
Mozambique ရေလက်ကြားက သဲသောင်ခုံပေါ်မှာတွေ့ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပစိဖိတ်သမုဒ္ဒရာထဲမှာ တွေ့ရှိခဲ့တဲ့ အပိုင်းအစနဲ့ တူညီလျက်ရှိပါတယ်။
လေယာဉ်အပျက်အစီး အစအနတွေကို တွေ့ရှိခဲ့တဲ့ Australia’s Joint Agency Coordination Centerကတော့”ရှာတွေ့ထားတဲ့ အစိတ်အပိုင်းကို စစ်ဆေးမှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်”လို့ ဆိုပါတယ်။မလေးရှားလေကြောင်းလိုင်းကတော့ “ဒီအချက်က အရမ်းစိတ်ကူးယဉ် ဆန်လွန်းပါတယ်’’လို့ NBC Newsမှာ မှတ်ချက်ချခဲ့ပါတယ်။
MH 370က ၂၀၁၄ မတ်လ ၈ရက်မှာ ကွာလာလမ်ပူကနေ ဘေဂျင်းကို အသွား ပျောက်ဆုံးခဲ့တာဖြစ်ပြီးခရီးသည် ၂၂၇ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၂ဦးတို့ လိုက်ပါခဲ့တာပါ။
မလေးရှား အာဏာပိုင်တွေကတော့ လေယာဉ်တွေက အိန္ဒိယ သမုဒ္ဒရာထဲကို ပျက်ကျသွားတယ်လို့ယူဆခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က လေယာဉ်ညာတောင်ပံအပိုင်းအစကို Madagascar ရဲ့ အရှေ့ဘက် ယူနီယံကျွန်းမှာ မတွေ့ခင်ထိ သတင်းအစအန ရှာလို့မရခဲ့ကြပါဘူး။
(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment