Powered by Blogger.

နို့မှုန့်ဗူး၊ ကွေကာဗူးခွံလေးတွေကို ပြန်လည်အသုံးချနိုင်မယ့် နည်းလမ်းများ



တစ်လအတွင်းမှာပဲ ဒီလိုဗူးခွံလေးတွေဟာ လွင့်ပစ်ဖို့ အများကြီး စုပုံလာလေ့ရှိပါတယ်။ ဒီလို ဗူးခွံလေးတွေကို လွှင့်ပစ်စရာမလိုဘဲ ပြန်လည်အသုံးချနိုင်မယ့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။

လက်ဆောင်ထည့်တဲ့ဗူး

လက်ဆောင်ပေးစရာရှိတဲ့အခါ ထည့်စရာဗူးခွံတွေကို အကုန်အကျခံ ၀ယ်ယူစရာမလိုဘဲ ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခုနကအိမ်မှာ လွှင့်ပစ်ဖို့လုပ်ထားတဲ့ နို့မှုန့်၊ကွေကာဗူးခွံလေးတွေကို လက်ဆောင်ထည့်တဲ့ ဗူးလေးတွေအဖြစ် ဖန်တီးသုံးစွဲနိုင်ပါတယ်။


ဓါတ်ပုံဘောင်

ဓါတ်ပုံဘောင်လေးတွေ လုပ်ပြီးလည်း စိတ်ကြိုက်ဓါတ်ပုံလေးတွေထည့်ပြီး အလှဆင်နိုင်ပါတယ်။ နို့မှုန့်၊ကွေကာဗူးခွံကို နှစ်သက်ရာ အရောင်၊ အဆင်ဒီဇိုင်းတွေနဲ့ ပြင်ဆင်ပြီး ဓါတ်ပုံဆိုဒ်အတိုင်းအတာနဲ့ ချိန်ညှိပြီး မိသားစုပုံလေးတွေ၊ အမှတ်တရပုံလေးတွေကို သိမ်းဆည်းအလှဆင်နိုင်ပါတယ်။

ညအိပ်မီးအိမ်

ညဘက်အိပ်ချိန်မှာ ထွန်းလေ့ရှိတဲ့ ညအိပ်မီးအိမ် ဒီဇိုင်းဆန်းလေးတွေကိုလည်း ပြုလုပ်ဖန်တီးနိုင်ပါတယ်။ ပင်အပ်၊ ဆူးချွန်ကို အသုံးပြုပြီး ဗူးခွံပေါ်မှာ အပေါက်လေးတွေ လိုက်ဖောက်ပြီး စိတ်ကြိုက်ဒီဇိုင်းတွေနဲ့ စီစဉ်ဖန်တီးပြီး မီးလုံးသေးသေးလေးကို ဗူးခွံအတွင်းထဲထည့်ပြီး ညအိပ်မီးအိမ်လှလှလေးနဲ့ အလှဆင်နိုင်ပါတယ်။ ဖယောင်းတိုင်ထည့်ထွန်းရင်တော့ မီးလောင်သွားနိုင်တယ်နော်။




နံရံကပ်အလှဆင်ဒီဇိုင်း

ဗူးခွံလေးတွေကို ဒီအတိုင်းချည်းထားမယ့်အစား အလှဆင်စက္ကူ၊ ပိတ်စလှလှလေးတွေနဲ့ ဖုံးအုပ်လိုက်ရုံနဲ့ နံရံကပ်အလှဆင်ပစ္စည်းလေးတွေအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပိုပြီး ကြီးကြီးမားမားဖြစ်ချင်တယ်ဆိုရင်တော့ ဗူးနှစ်ဗူးကော်နဲ့ကပ်ဆက်ပြီးမှ ပိတ်စ၊စက္ကူတို့နဲ့ ဖုံးအုပ်ပြင်ဆင်ပြီး စိတ်ကြိုက်အလှဆင်နိုင်ပါတယ်။



အံဆွဲအကန့်လေးတွေ

အံဆွဲတွေက ပစ္စည်းတွေဒီအတိုင်းထည့်ထားတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ ရှုပ်ပွသွားတတ်ပါတယ်။ ဒီတော့ အံဆွဲထဲမှာ အကန့်လေးတွေကန့်ပြီး တူရာတူရာပစ္စည်းလေးတွေကို စုထည့်ထားလိုက်မယ်ဆိုရင်တော့ ပစ္စည်းပျောက်ရှာစရာမလိုတော့ဘူးပေါ့။ နို့မှုန့်၊ကွေကာဗူးခွံလေးတွေကို အံဆွဲရဲ့အမြင့်အတိုင်း တိုင်းတာပြီး အံဝင်ခွင်ကျ အကန့်လေးတွေ ပြုလုပ်လိုက်မယ်ဆိုရင်တော့  အသုံးဝင်တဲ့ပစ္စည်းလေးတွေ ဖြစ်သွားတာပေါ့။ ရောင်စုံစက္ကူလေးတွေနဲ့ အလှဆင်ပြီး ဆိုဒ်အရွယ်အစားအမျိုးမျိုး ဖြတ်တောက်အသုံးပြုနိုင်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : ideadigezt



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment