Powered by Blogger.

အိုင်ဗရီကို့စ်ရဲ့ ကမ်းခြေတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရားခံများ လွတ်မြောက်နေဆဲဖြစ်



အိုင်ဗရီကိုစ့် ရဲ့ Grand Bassamက အပန်းဖြေမြို့တော်ရဲ့ ကမ်းခြေ ဟိုတယ်နှစ်ခုမှာ
အုပ်စုလိုက်သေနတ်သမားတွေဝင်ရောက် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ၅နှစ်အရွယ်ကလေးတစ်ယောက်အပါအ၀င် လူ ၁၂ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဟာ တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တာပါ။

မျက်မြင်သက်သေတွေကတော့ သေနတ်သမား ၄ဦးက ကမ်းခြေမှာ ပစ်ခတ်ခဲ့ပြီး မြို့တော် Abidjanနဲ့ ၂၅မိုင်ကွာဝေးပါတယ်။ အချို့တွေကတော့ လူ ၁၅လောက်သေဆုံးတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေမှာ အနည်းဆုံးအမျိုးသား၅ဦး အမျိုးသမီး၅ဦးနဲ့ ကလေး၁ဦးပါဝင်တယ်လို့ CNNက တင်ပြခဲ့ပါတယ်။

Abidjanမှာရှိတဲ့ အမေရိကန်သံရုံးကတော့ “အာဏာပိုင်တွေက Grand Bassamမှာရှိတဲ့အခြေအနေတွေကိုစောင့်ကြည့်နေပါတယ်။US နိုင်ငံသားတွေအနေနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ၊USနိုင်ငံသားတွေမှာ အန္တရာယ်ရှိနေတာတွေအတွက် တိကျတဲ့သက်သေလည်းမရှိဘူး ”လို့ ဆိုပါတယ်။

ပြင်သစ်သံရုံးကတော့ ဒါဟာ မတည်ငြိမ်တဲ့အခြေအနေဖြစ်နေပြီးလူတွေကို ခရီးသွားခွင့်နဲ့ပတ်သက်ပြီးကန့်သတ်လျှော့ချဖို့လိုတယ်လို့ဆိုပါတယ်။

ပစ်ခတ်သူတွေကတော့ ယခုချိန်ထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

အဆိုပါကမ်းခြေမြို့ဟာ ပြည်တွင်းနဲ့ အနောက်နိင်ငံက ခရီးသွားတွေအတွက်ကျော်ကြားတဲ့ အနားယူရာနေရာဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment