Powered by Blogger.

ဖခင်တစ်ဦးက Iphoneနဲ့ ဆိုင်ကယ်ဝယ်ဖို့အတွက် ၁၈ရက်သား ကလေးငယ်ကို အွန်လိုင်းကနေရောင်းချခဲ့



Iphoneနဲ့ ဆိုင်ကယ်ဝယ်ဖို့အတွက် ၁၈ရက်သား သမီးငယ်ကို ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ဖခင်ဖြစ်သူက ၂၄၈၀ယူရိုနဲ့ရောင်းချခဲ့ပါတယ်။

ဖခင်ဖြစ်သူကငွေလိုတဲ့အတွက်ရောင်းခဲ့တာပါလို့ဆိုပါတယ်။

ဖခင်ဖြစ်သူ A Daun က အထက်တန်းကျောင်းမပြီးသေးတဲ့အပြင် သူရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတည်းက ဒီအကြံကို ရခဲ့တယ်လို့ ဆိုပါတယ်။

ဇီဝဗေဒနည်းတွေအရ ကလေးဖြစ်သူရဲ့မိခင်က Xiao Meiဖြစ်ပြီး A Daunရဲ့အစ်မတော်စပ်ပါတယ်။

မိခင်ဖြစ်သူကတော့ ဒါက တရားမ၀င်ဘူးဆိုတာ တကယ်မသိခဲ့ဘူးလို့ဆိုပါတယ်။

Web Caféတွေမှာ အချိန်ဖြုန်းပြီးနောက်မှာတော့ A Daunက ကလေးရဲ့မိခင်ဆီက သဘောတူညီချက်မတောင်းဘဲ နာမည်ကျော် ဆိုရှယ်ဝက်ဘ်ဆိုက် QQကနေ ရောင်းချခဲ့ပါတယ်။

ဝယ်ယူခဲ့သူရှိခဲ့ပြီး သူရဲ့အစ်မအတွက် ၀ယ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလည်း  အရှေ့ဘက်ကမ်းရိုးတန်း Fujianစီရင်စုက မိဘတွေက ကလေးတွေကို ရောင်းခဲ့တယ်လို့ Xiamen Daily Newsကဆိုပါတယ်။

Xiao Meiနဲ့A Daunတို့ဟာ အဖမ်းခံခဲ့ရပြီး Xiao Meiကတော့ သူမတကယ်မသိခဲ့ဘူးလို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ A Daunကို ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပြီး Xiao Mei ကိုတော့  နှစ်နှစ်ခွဲထောင်ဒဏ် ချခဲ့ပါတယ် သူမကို လောလောဆယ်မှာတော့ မသန်စွမ်းဖြစ်နေတဲ့ မိဘတွေနဲ့မောင်လုပ်သူကို ကူညီဖို့ အမှုကနေ ဆိုင်းငံ့ပေးထားပါတယ်။

ဝယ်ယူခဲ့သူလည်းရဲစခန်းကို ရောက်သွားခဲ့ပြီး မိဘဖြစ်သူတွေက မထိန်းသိမ်းနိုင်တဲ့အတွက် ကလေးငယ်ကတော့ ၀ယ်ယူခဲ့သူရဲ့အစ်မဆီမှာ ကျန်ခဲ့ပါတယ်။

(Beauty Syh)


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment