Powered by Blogger.

အအိပ်များလွန်းခြင်းက မျက်စိကန်းစေနိုင်


တစ်နေ့ တစ်နေ့ အိပ်ရာထဲက မထဘဲနဲ့ လူးလိမ့်ပြီး ပြန်အိပ်နေတဲ့ အကျင့်ဖြစ်နေရင်တော့ ချက်ချင်းပြင်သင့်ပါတယ်။

သင်ဒီလိုအအိပ်များနေတာဟာဆိုရင် ရေရှည်မှာ မျက်လုံးကန်သွားတဲ့အထိ ဖြစ်စေနိုင်တယ်လို့ မျက်လုံးပါရဂူဆရာဝန်တွေက ပြောပြပါတယ်။

အိပ်နေရင်းနဲ့ ဟောက်တတ်တဲ့သူတွေဟာဆိုရင်တော့ မျက်စိကန်းနိုင်ခြေပိုမြင့်မားပြီး မျက်လုံးဘေးနားပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ မြင့်မားလို့ဖြစ်တယ်လို့ သိရပါတယ်။

တစ်နေ့ကို ရှစ်နာရီထက်ပိုပြီး အိပ်နေတာဟာဆိုရင်တော့ အသက်အရွယ်ကြီးလာတဲ့အချိန်မှာ မျက်စိကွယ်နိုင်ချေကို ပိုပြီး မြင့်မားစေတာဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ မျက်လုံးထဲက မျက်ဆံနက်ဟာ တစ်ဖြည်းဖြည်း ယိုယွင်းလာပြီး အသက် ၆၀ ပတ်ဝန်းကျင်မှာ မျက်လုံးက ပိုပြီး ပျက်စီးလာပါတယ်။

ဒီလိုဖြစ်လာရင်တော့ နာကျင်မှု တစ်စုံတစ်ရာခံစားရမှာမဟုတ်ပေမယ့်လည်း မျက်လုံးထဲမှာ ရှိတဲ့ သွေးကြောတွေကတော့ တဖြည်းဖြည်းနဲ့ ပြတ်တာမျိုးတွေဖြစ်လာမှာပါ။ မျက်လုံးထဲက အာရုံကြောနာဗ်တွေကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ဂလူကိုမာအရည်ဟာဆိုရင်တော့ မျက်လုံးပိတ်ပြီး အိပ်နေတဲ့အချိန်မှာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲနဲ့ အနားရနေတတ်ပါတယ်။

ဒါ့ကြောင့် အိပ်စက်ချိန်များလာတဲ့အခါမှာတော့ မျက်လုံးအာရုံကြောတွေဟာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာကြောင့် မျက်ကြောသေသွားတတ်ပြီး မျက်လုံးကွယ်နိုင်မှုက မြင့်မားလာရတာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment