Powered by Blogger.

အမျိုးသမီးတစ်ယောက်က ကလေးဖြစ်သူကို လေယာဉ်ပေါ်က လက်ဂေ့ခ်ျအိတ်ထဲမှာ ဖွက်ထားခဲ့



တနင်္လာနေ့ညက အစ္စတန်ဘူလ်ကနေ ပဲရစ်ကို ပျံသန်းမယ့်  ပြင်သစ်လေယာဉ်  Filght AF 1891 ကပေါ်မှာတော့ တစ်နှစ်အရွယ်ကလေးတစ်ဦးကို အမျိုးသမီးတစ်ယောက်ရဲ့ လက်ဂေ့ခ်ျအိတ်ထဲမှာ တွေ့ခဲ့ရပါတယ်။ Planet.FR လေကြောင်းလိုင်းကတော့ ဒီအမျိုးသမီးဟာ လက်မှတ်မရှိတဲ့အတွက် ကလေးကို အိတ်ထဲမှာ ၀ှက်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကလေးကို ခရီးသည်တစ်ဦးက အိတ်လှုပ်နေတာကိုမြင်ပြီးရှာဖွေခဲ့တာကနေတွေ့ရှိခဲ့တာပါ။လေယာဉ်ဝန်ထမ်းတွေက အချက်ပြပြီးတဲ့နောက်မှာ အမျိုးသမီးကိုစောင့်ကြပ်ပြီး အိတ်ကိုရှာဖွေခဲ့ပါတယ်။ ကလေးကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ လေယာဉ်အရှေ့ကိုခေါ်ဆောင်ထိန်းသိမ်းထားခဲ့ပါတယ်။


တူရကီမှာရှိတဲ့ အာတာတာ့ခ်လေဆိပ်ကနေ ပျံသန်းလာနေစဉ် လမ်းတစ်ဝက်လောက်အရောက်မှာ ကလေးငယ်ကို တွေ့ရှိခဲ့တာပါ။
ထိုင်ခုံနံပါတ်တစ်ရဲ့နောက်မှာထိုင်နေတဲ့ အမျိုးသမီးရဲ့ အိတ်ထဲကလို့ မျက်မြင်သက်သေတစ်ဦးကဆိုပါတယ်။

အမျိုးသမီးကသူ့ရဲ့အိတ်ကို ဖွင့်ကြည့်ချင်နေပြီး သူရဲ့ဘေးတန်းက ထိုင်ခုံမှာထိုင်နေတဲ့သူကပါ မြင်ခဲ့တာပါ။အဆိုပါမျက်မြင်သက်သေက ကလေးငယ်ကိုတွေ့ရတဲ့အခါ အရမ်းကို အံ့အားသင့်သွားတယ်လို့ဆိုပါတယ်။

လေယာဉ်ဝန်ထမ်းတွေကတော့ခရီးသည်တွေ သံသယပွားမှာစိုးတဲ့အတွက် ဘာမှမကြေညာခဲ့ပါဘူး။

ပြင်သစ်လေကြောင်းလိုင်း Air France ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကလေးငယ်မှာလက်မှတ်မရှိတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment