Powered by Blogger.

ငါးမန်းပေါက်လေးတွေ အများကြီး Florida ကမ်းခြေမှာ လာရောက်စုစည်းနေကြ



Florida ကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေက ကမ်းစပ်မှာ ငါးမန်းပေါက်လေးတွေ အများကြီးတွေ့ခဲ့ရလို့ အရမ်းအံ့သြခဲ့ရပါသတဲ့။

New Smyrna ကမ်းခြေကို သွားရောက်လည်ပတ်သူတွေဟာ ငါးမန်းပေါက်စလေးတွေကို တနင်္လာနေ့က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ငါးမန်းပေါက်လေးတွေဟာ ကမ်းစပ်အထိ ကူးခပ်လာကြတာဖြစ်ပြီး ရေကူးနေသူတွေရော၊ ရေလွှာလှိုင်းစီးသူတွေပါ အံ့သြထိတ်လန့်ခဲ့ရပါတယ်။
 “ ငါးမန်းပေါက်လေးတွေက ကျွန်တော့် ရေလွှာလျှောစီးပြားကို အောက်ကနေတိုက်သွားတာပါ “ လို့ ၁၀ နှစ်သား Ava McGowan ဆိုတဲ့ ရေလွှာလှိုင်းစီးသူ ကောင်လေးက WKMG –TV ကို ပြောပြသွားပါတယ်။

ဓါတ်ပုံရိုက်သူတစ်ဦးဖြစ်တဲ့ Kem McNair ကတော့ ကမ်းစပ်မှာ ကူးခပ်သွားလာနေတဲ့ ငါးမန်းပေါက်လေးတွေ အားလုံးပေါင်း အကောင် ၄၀ လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

 “ အကောင်ပေါက်စလေးတွေပဲ ရှိသေးတာဆိုတော့ ပတ်ဝန်းကျင်ကို အရမ်းကိုစိတ်ဝင်စားနေကြပုံပါပဲ။ ဒါကြောင့် ကမ်းခြေကိုရောက်လာပြီး ဘာတွေလဲဆိုတာ လာစပ်စုကြတာ ထင်တာပဲ။ ခင်ဗျားတို့ ခြေထောက်တွေကို လှုပ်လိုက်ရင်ပဲဖြစ်ဖြစ် သူတို့ ကြောက်လန့်ထွက်ပြေးသွားကြတယ်လေ “ လို့လည်း WMFE-AM ကို ပြောကြားသွားပါသေးတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment