Powered by Blogger.

အသက် ၈၂နှစ်အရွယ် အမျိုးသမီး သူမရဲ့ မိခင်နဲ့ ပထမဆုံးအကြိမ်တွေ့


လွန်ခဲ့တဲ့ ၈၂နှစ်က သူမကို မွေးစားဖို့ ပေးခဲ့တဲ့ သူမရဲ့ အမေရင်းကို ပြန်တွေ့ရလို့ အမျိုးသမီးကြီးဟာ အလွန်ပျော်ရွှင်နေပါတယ်။ဘက်တီမိုရယ် (Betty Morrell )လို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၉၆နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့မိခင်ကိုနောက်ဆုံးမှာတွေ့ခဲ့ပြီး နှစ်၂၀ကျော် ကူညီရှာဖွေပေးခဲ့တဲ့ မြေးမလေးရဲ့အားထုတ်မှုကို ကျေးဇူးတင်ကြောင်းဆိုပါတယ်။

မိုရယ်ကို ၁၉၃၃ခုနှစ်မှာ နယူးယောက်ခ်က ယူတီကာ(Utica)မှာ မွေးဖွားခဲ့ပြီး မွေးစက နာမည်က အီဗာမေ (Eva May )ပါ  သူမကိုမွေးပြီးပြီးချင်းပဲ အသက် ၁၃သာရှိသေးတဲ့ သူမအမေက အချုပ်ထဲရောက်နေခဲ့ပြီး အဆက်အသွယ်ပြတ်ခဲ့တဲ့အတွက် လူမှုဖူလုံရေးအာဏာပိုင်တွေက ခေါ်ယူထားခဲ့ပါတယ်။

(Beauty SYH)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: WorldWideWeird
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment