Powered by Blogger.

ရှစ်နှစ်အရွယ်မိန်းကလေးကို အဓမ္မကျင့်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသား ကိုယ်တုံးလုံးချွတ်နဲ့ လူရှေ့မှာ ကြိုးတုပ်ခံခဲ့ရ


အာဂျင်တီးနားနိုင်ငံမှာတော့ ရှစ်နှစ်အရွယ်မိန်းကလေးကို အဓမ္မကျင့်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ကို  လူမြင်ကွင်းမှာအရှက်ရအောင် ကြိုးတုပ်ထားခဲ့ကြပါတယ်။သူ့ကို လူမြင်ကွင်းရှေ့ ဒရွတ်တိုက်ဆွဲလာပြီး မြို့ထဲမှာလှည့်မပြခင် လက်တွေကို ကြိုးနဲ့ချည်ထားခဲ့ပါတယ်။

အဆိုပါ အမျိုးသားကို ရဲမေတစ်ယောက်က ထိန်းချုပ်ထားခဲ့ပြီး  အဲဒီရဲမေက သူ့ကို ကြိုးတွေဖြေပေးခဲ့ပါတယ်။
ကြိုးဖြေပေးပြီးတဲ့နောက်မှာတော့ ရဲမေက သူ့ကို လှည့်ကင်းကားထဲကို ထည့်ခဲ့ပါတယ်။

" မင်းကို နောက်တစ်ခါဆိုရင်တော့ ငါတို့သတ်မိလိမ့်မယ် ဟေ့ကောင် " လို့ လူတစ်ယောက်ကတော့ လှမ်းပြီး ကျိန်ဆဲအော်ဟစ်ခဲ့ပါတယ်။



အမျိုးသမီးတစ်ယောက်ကတော့ “အကျင့်ပျက်ကောင် သူ့ကို ကားနောက်မှာ ကြိုးတုပ်ထားကြ’’လို့ အော်ခဲ့ပါတယ်။

 ဒီဖြစ်ရပ်က အရှေ့အာဂျင်တီးနား (Eastern Argentina)၊ ဆန်မီဂူရယ်(San Miguel) အစွန်အဖျားရဲ့ ဆန်တာ ဘရီဂျီတာရပ်ကွက်(Santa Brigita )မှာ ဖြစ်ပွားခဲ့တာပါ။



အပြစ်ကျူးလွန်သူရဲ့ဓာတ်ပုံတွေဟာ ဆိုရှယ်မီိဒီယာတွေမှာ ဖော်ပြခံခဲ့ရပြီး “အိမ်နီးနားချင်းတွေက ရှစ်နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်ဖို့ ကြံစည်တဲ့အခါ အိမ်နီးနားချင်းတွေက တရားမျှတမှုကို ဖော်ထုတ်ပေးခဲ့တာပါ။အပြစ်မရှိတဲ့မိန်းကလေးအတွက် တရားမျှတမှု ရမယ်လို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဒါဟာ မုဒိမ်းမှုတွေ နောက်ထပ်ဖြစ်မလာအောင် လုပ်လိုက်တဲ့ စံပြလုပ်ရပ်ဖြစ်တယ်လို့လည်း ထင်မိပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror





Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. GREAT SEVEN STAR TRAVEL & TOURS CO.LTD
    (ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်)
    ကျွန်တော်မတို့၏ Co.ltd . မှ ပြည်တွင်း၊ပြည်ပလေယာဉ်လက်မှတ်များကို
    ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးပါသည်။
    ပို့ဆောင်ခ ပေးစရာ မလိုပဲ အိမ်တိုင်ရာရောက် လိုက်လံ
    ပို့ဆောင်ပေးပါသည်။
    အိန္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊တရုတ်နိုင်ငံသို့သွားရောက်လိုသူများအတွက် ဗီဇာဝန်ဆောင်မှုကိုလည်း ချိုသာသက်သာသောနှုန်းထားဖြင့်
    အမြန်ဝန်ဆောင်မှုပေးနေပါသည်။
    အသေးစိတ်သိရှိစုံစမ်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    ဖုန်း=01372114
    0943103786
    0943102786
    အောင်မြင်ကျော်ကြား
    Great Seven Star Travels & Tours
    https://www.facebook.com/GreatSevenStar/

    ReplyDelete