Powered by Blogger.

UKကို တိုက်ခိုက်ဖို့ ISIS တွေ အစီအစဉ်ဆွဲနေဟု ထိပ်သီးရဲအရာရှိတစ်ယောက် သတိပေးထုတ်ပြန်


ထိပ်သီးရဲအရာရှိတစ်ယောက်က ISISတွေဟာ UKမှာ ထိတ်လန့်စရာ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အစီအစဉ်ဆွဲနေတယ်လို့ သတိပေးခဲ့ပါတယ်။ဒါအပြင် ဥရောပတစ်ခွင်မှာလည်း ဂျီဟတ်စစ်ပွဲတွေ ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လက်ထောက် ကော်မရှင်အဖွဲ့ဝင် မာခ့်ရိုးလေ (Mark Rowley)ကတော့ စစ်သွေးကြွအုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်ပြီး အနောက်နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို ခြောက်ခြားအောင် ပြုလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။

ရိုးလေက ဆက်လက်ပြီး “ပြီးတဲ့လတွေတုန်းက ဒါတွေကျယ်ပြန့်လာတာကို မြင်တွေ့ရမှာပါ ပဲရစ်ကို နိုဝင်ဘာမှာ တိုက်ခိုက်ပြီးတဲ့နောက်မှာ အနောက်နိုင်ငံတွေမှာပါ တိုက်ဖို့အစီအစဉ်ရှိနေတယ်”လို့ ဆိုပါတယ်။

နိုင်ငံရဲ့အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့က ခေါင်းဆောင် မစ္စတာရိုးလေက “မြောက်ဥရောပဘက်ကို တိုက်ခိုက်ဖို့ ဆီးရီးယားမှာ တိုက်ခိုက်ရေးသင်တန်းတက်ထားတဲ့သူတွေကို ISတွေက စုဆောင်းနေပါတယ် ဒီအုပ်စုဟာ အစုလိုက်အပြုံလိုက်ပစ်ခတ်တာတွေနဲ့ အသေခံဗုံးခွဲတာတွေ ရုရှားခရီးသည်ယာဉ်ကို တိုက်ခိုက်သလိုမျိုးတွေနဲ့အလားတူတာတွေလုပ်နိုင်တယ်”လို့ ရိုးလေက ထပ်မံသတိပေးခဲ့ပါတယ်။

သူကဆက်လက်ပြီး အကြမ်းဖက်မှုတွေမှာ ဖမ်းဆီးရရှိတဲ့ ကလေးတွေနဲ့ မိသားစုအရေအတွက်တွေ မြင့်မားလာတယ်လို့ ဆိုပါတယ်။
ပြီးတဲ့နှစ်က အင်္ဂလန်နဲ့ဝေးလ် မှာ အကြမ်းဖက် ၃၃၉ယောက်ဖမ်းဆီးရရှိခဲ့ပြီး ၁၄ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။ ၁၃ရာခိုင်နှုန်းက အသက်၂၀နဲ့ ၂၀အောက်တွေဖြစ်ပါတယ်။

UKကို တိုက်ခိုက်ခဲ့တဲ့ နောက်ဆုံးအကြမ်းဖက်မှုက ၂၀၀၅ ခုနှစ်က 7/7တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်း၇၀၀ကျော် ဒဏ်ရာရတဲ့ပါတယ်။အကြမ်းဖက်သမားလေးယောက်အပါအ၀င် လူအများအပြားသေဆုံးခဲ့တဲ့ အကြမ်းဖက်မှုလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင် လန်ဒန်မှာအသေအပျောက်များခဲ့တဲ့ အကြမ်းဖက်မှုပြီးတဲ့နောက် UKမှာ လူအများဆုံးသေခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment