Powered by Blogger.

ပြီးခဲ့တဲ့အပတ်က အီရတ်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအပြီးမှာ ဘဂ္ဂဒက်မှာ ကားဗုံးပေါက်မှုဖြစ်ပွားခဲ့



ပြီးခဲ့တဲ့တစ်ပတ်ကပေါက်ကွဲမှုအပြီးယခုတင်္နလာနေ့မှာ ဘဂ္ဂဒက်အနောက်ဘက်က နာမည်ကျော်ဈေးတစ်ခုကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တဲ့ဗုံးခွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ လူရှစ်ယောက်သေဆုံးခဲ့ပြီးလူနှစ်ယောက်အသတ်ခံခဲ့ရပါတယ်။

အီရတ်ရဲ့အတွင်းဝန်ရုံးကတော့ ဒါဟာ တရားခံရဲ့ အသေခံဗုံးခွဲမှုကြောင့်ဖြစ်တယ်လို့ တရားဝင်ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရတ်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုအပြီးမှာ ဖြစ်ခဲ့တာပါ။

လူဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပြီး လုံခြုံရေးစစ်ဆေးရေးဂိတ်တွေအကုန် ဖျက်ဆီးခံခဲ့ရပါတယ်။
နိုင်ငံတော်ကတော့ တာဝန်ယူဖို့ ငြင်းဆန်နေဆဲပါ။

ပြီးခဲ့တဲ့လက အီရတ်လူမျိုး ၆၇၀ကျော်အသတ်ခံခဲ့ရပြီး အရပ်သားတွေဖြစ်တယ်လို့သိရပါတယ်။

အခြားပေါက်ကွဲမှုတစ်ခုကတော့ တနင်္ဂနွေနေ့မှာ ဖြစ်ပြီး အနောက်ဘဂ္ဂဒက်မှာဖြစ်ပွားခဲ့ပါတယ်။

တရားခံက ကားရဲ့အောက်မှာ ဗုံးကို ထားခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

အီရတ် လုံခြုံရေးတပ်တွေက ISစစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့မိုဆယ်(MOSUL)ကို ၀င်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီး အစ္စလာမ် စစ်သွေးကြွတွေရဲ့ အရပ်သားတွေကို ပစ်မှုတ်ထား တိုက်ခိုက်မှုတွေဟာ များပြားလာပါတယ်။



(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment