Powered by Blogger.

အဒေါ့ဖ်ဟစ်တလာ ဟာ လိင်စိတ် ပြင်းထန်သူ တစ်ယောက် ဖြစ်နေ



ကမ္ဘာ့အရက်စက်ဆုံး အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာ ဟာ လိင်စိတ် ပြင်းထန်သူ တစ်ယောက် ဖြစ်တယ်လို့ လျှို့ဝှက်သတင်းဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့က ထုတ်ဖော် ပြောပြခဲ့ပါတယ်။

အမေရိကန် အခြေစိုက် အင်တဲလိဂျန့်စ် အေဂျင်စီ တစ်ခုက ပြုလုပ်ခဲ့တဲ့ ကမ္ဘာစစ်လေ့လာမှု တွေအရတော့ အာဏာရှင်ကြီး ဟစ်တလာ ဟာ “Poo Sex” အတွက် အာသီသ ပြင်းပြသူ တစ်ယောက် ဖြစ်နေပါတယ်။ နာဇီ စစ်တပ်ကြီးရဲ့ခေါင်းဆောင် ဟစ်တလာ ဟာ သူ့အပေါ်မှာ မိန်းကလေး တွေ မတ်တပ်ရပ် ပြီး မစင်စွန့်ကာ လိင်ဆက်ဆံဖို့ ဆွဲဆောင်တာကို သဘောကျ တယ်လို့ သိရပါတယ်။

ဒီလိုရှားပါး ရှာဖွေတွေ့ရှိချက်တွေဟာ ဟစ်တလာမှာ သေးငယ်တဲ့ လိင်အင်္ဂါနဲ့ ဝှေးစေ့ တစ်လုံးပဲ ပါရှိကြောင်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာမှ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဝေါလ်တာစီ ဆိုသူဟာ “အဒေါ့ဖ် ဟစ်တလာ ရဲ့  ဘ၀နဲ့ ရာဇ၀င်အကြောင်း စိတ်ပညာ ဆိုင်ရာ စစ်ဆေးချက်” ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ်ရေးသား ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ သူရေးသားဖော်ပြ ထားတာကတော့ ဟစ်တလာ ဟာ “coprophiliac” လို့ခေါ်တဲ့ မစင်များကြောင့် လိင်စိတ် ဖြစ်ပေါ်သူ စိတ်ပညာ အမျိုးအစားထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဟစ်တလာ ဟာ သမိုင်းကြောင်းတွေအရ သူ့ရဲ့  တူမ တော်စပ်သူ Geli Raubal နဲ့လည်း လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု တွေရယူခဲ့ဖူးတယ်လို့ ဖော်ပြခံခဲ့ရဖူးပါတယ်။ နာဇီ တပ်သား တစ်ဦးဖြစ်တဲ့ Ernst Rhoem ကလည်း သူတို့ရဲ့  ခေါင်းဆောင်ကြီးကို တစ်ညနေမှာ လိင် ဆက်ဆံနေတာ တွေ့ခဲ့ရဖူးပြီး ဟစ်တလာဟာ ကျေးလက် တောင်သူ ကောင်မလေးတွေကို နှစ်သက်တယ်လို့လည်း သူက ပြောပြခဲ့ဖူးပါတယ်။

“ကောက်စိုက်သမ တွေ လယ်ကွင်းထဲမှာ အလုပ်လုပ်တဲ့အခါ ကုန်းကုန်းကွကွ ဖြစ်နေတဲ့အတွက် သူတို့ရဲ့ အနောက်ဘက် ပိုင်းကို မြင်နေရပါတယ်။ ဟစ်တလာ က အဲဒါကို သဘောကျတာပါ။” လို့ သူက ပြောပြခဲ့ပါတယ်။


( Mario )



#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com



Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment