Powered by Blogger.

မြင်းရိုင်း ၂ ကောင်ကို ကြိုးနဲ့ဆွဲပြခဲ့တဲ့ ရုရှားက လူသန်ကြီး




စတန့်ပြပွဲတစ်ခုမှာ မြင်း ၂ ကောင်ထဲ ဆွဲအားပိုရှိတယ်လို့ သက်သေပြခဲ့သူ လူသန်ကြီးဟာ ရုရှားနိုင်ငံက စိတ်ဝင်စားစရာ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ တဲ့ Elbrus ဟာ သူ့ရဲ့ လက်မောင်း ၂ ဖက်မှာ ကြိုးအရှည် ၂ စ ကို ထုံးချည်ပြီး သူနဲ့ဆန့်ကျင်ဘက်လားရာ ကို ပြေးဖို့ကြိုးစားနေတဲ့ မြင်း ၂ ကောင်မှာ ချည်နှောင် စေခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ မြင်းတွေမှာချည်ထားတဲ့ ကြိုးစ ကို Elbrus က ဆွဲပြီး မြင်းတွေကို သူ့အနား ရောက်လာအောင် ဆွဲပြခဲ့ပါတယ်။

ထိုတင်ဆက်မှုကိုတော့ရုရှားနိုင်ငံက Chelyabinsk မြို့မှာကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ထူးဆန်း စွာနဲ့ပဲ ထိုအမျိုးသားဟာ မြင်းကြီး ၂ ကောင်ကို ကြိုးနဲ့ဆွဲယူပြီး မြင်း ၂ ကောင်လုံး သူ့ဆီ တစ်ပြိုင်နက် ရောက်လာအောင် ဖန်တီးပြခဲ့ပါတယ်။

 ဥရောပ အလယ်ပိုင်းဒေသတွေမှာတော့ မြင်းရိုင်း ၂ ကောင်ကြိုးနဲ့ဆွဲလိုက်လို့ တစ်စစီ ဖြစ်သွားပြီး လူသေမှုတွေလည်း အများအပြား ရှိခဲ့ဖူးပါတယ်။



“ဒါဟာ အလွန်အန္တရာယ်များတဲ့ စတန့်ပြကွက်ပါပဲ။ ပြကွက်ပြသသူအနေနဲ့ သူ့ရဲ့  ကြွက်သား တွေကို ဆွဲဆန့်ထားဖို့ လိုအပ်ပါတယ်။သေးငယ်တဲ့ အမှားလေး တစ်ခုအတွက်ပင် ဆုံးရှုံးမှု များလာနိုင်ပါတယ်။” လို့ Elbrus က ဆိုပါတယ်။

 “ရုရှားနိုင်ငံက လူသန်ကြီးတွေတော်တော်များများဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက် ကတည်းက ဒီလို စတန့်တွေကို လုပ်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော် ၁ ယောက်တည်းပဲ လုပ်ပြနိုင်ပါသေးတယ်။ ဒီလို အနေအထားမျိုးကို တုံ့ပြန်နိုင်တဲ့ ခန္ဒာကိုယ်မျိုး ဖြစ်လာဖို့အတွက်လည်း ၄ လ လောက် အချိန်ယူပြင်ဆင်ပြီး လေ့ကျင့်ထားရတာပါ”လို့ Elbrus က ဆိုပါတယ်။

ရုရှားနိုင်ငံက လူသန်ကြီးလို့ လူသိများတဲ့ Elbrus ဟာတော့ ရုရှား လူမှု မီဒီယာတွေမှာ သူ့ရဲ့  စတန့် ပြကွက် ကြောင့် လူသိများကျော်ကြားလာခဲ့ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ အသန်မာဆုံး လူသား ရွေးချယ်ပွဲမှာလည်း ဆုရရှိခဲ့ဖူးပြီး ထိုပွဲမှာ သူဟာ ကုလားအုပ် တစ်ကောင်ကို မ ချီ ပြတဲ့ပြကွက်ကို ပြသခဲ့ရာမှာ တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြဿနာ တက်ခဲ့ဖူးတယ် လို့လည်း သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment