Powered by Blogger.

ရက်သတ္တပတ်များစွာ ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့တဲ့ အမျိုးသမီးတစ်ဦးသေဆုံး



ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာက အသက် ၄၃နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓာတ်လှေကားပါဝါပျက်သွားချိန်မှာ ပိတ်မိခဲ့ပြီး အစာ သို့မဟုတ် ရေပြတ်လတ်ကာ သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ဇီအန်ရဲ့ ဂေါင်လင်းဒေသက အဆောက်အအုံမှာ နေထိုင်သူဖြစ်ပြီး  ပြီးခဲ့တဲ့ ဇန်န၀ါရီလက အဲဒီအဆောက်အအုံရဲ့ ဓာတ်လှေကားထဲမှာ ပိတ်မိခဲ့တာပါ။ဓာတ်လှေကားက ဆယ်ထပ်နဲ့ဆယ့်တစ်ထပ်ကြားမှာ ရပ်တန့်သွားခဲ့ပါတယ်။ထိန်းသိမ်းရေးအဖွဲ့တွေက ဆယ့်တစ်ထပ်ကနေ လူရှိလားလို့မေးခဲ့ပေမယ့် ပြန်ဖြေသံမကြားခဲ့တာကြောင့် ပါဝါကိုပိတ်ခဲ့တာပါ။

ဓာတ်လှေကားထိန်းသိမ်းရေးအဖွဲ့က မတ်လ ၁ရက်နေ့ ကပြန်ပြင်ဖို့ လာတဲ့အခါ သူမရဲ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အဆိုပါအဆောက်အအုံမှာနေထိုင်သူ ဖြစ်ပါတယ်။

အဆောက်အအုံရဲ့စီမံခန့်ခွဲရေးနဲ့ ဓာတ်လှေကားထိန်းသိမ်းရေး ကုမ္ပဏီတို့ဟာ တရားရင်ဆိုင်နေရတယ်လို့ CNNသတင်းဌာနက တင်ပြခဲ့ပါတယ်။

အလောင်းကို ခွဲစိတ်ပြီးစစ်ဆေးကြည့်တဲ့အခါ လူသတ်မှုကြောင့်သေဆုံးတာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရဲတွေကတော့ အမျိုးသမီးသေဆုံးတာဟာ ဓာတ်လှေကားထိန်းသိမ်းရေးအဖွဲ့ရဲ့ ညစ်ပတ်ပေါ့လျော့မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment