Powered by Blogger.

ကမ္ဘာ့အသေးဆုံး မျောက်ကလေးတွေ မွေးဖွား



Pygmy Marmoset လို့ခေါ်တဲ့ သြစတြေးသြနိုင်ငံဖွား ကမ္ဘာ့အသေးဆုံးမျောက်ကလေးက မျောက်သေးသေးလေးတွေ မွေးဖွားခဲ့ပါသတဲ့။

New South Wales ရှိ Symbio တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယာဉ်က မွေးကင်းစမျောက်ပေါက်စလေးတွေက သူတို့အမေရဲ့ ကျောကုန်းပေါ်မှာ တက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြသထားခဲ့ပါတယ်။

ကမ္ဘာ့အသေးဆုံး မျောက်ကလေးတွေဖြစ်တဲ့ Iti နဲ့ Gomez တို့က တစ်ကောင်ကို ၁၅ ဂရမ်ရှိတဲ့ မျောက်ပေါက်စလေးနှစ်ကောင်ကို အောင်မြင်စွာ မွေးဖွားသန့်စင်နိုင်ခဲ့ပါပြီ လို့ ရေးသားဖော်ပြထားပါသေးတယ်။

Pygmy Marmoset လို့ခေါ်တဲ့ ကမ္ဘာ့အသေးဆုံးမျောက်ကလေးတွေဟာ အမြင့်ဆုံး ၃အောင်စအထိသာ အလေးချိန်ရှိကြပြီး
အရွယ်ရောက်ပြီးသား မျောက်ကလေးတစ်ကောင်ဟာ လူတစ်ယောက်ရဲ့ လက်ဖ၀ါးတစ်ဖက်လောက်သာ ကြီးထွားကြတာဖြစ်ပါတယ်။

ဒီတစ်ခေါက်မွေးတဲ့ မျောက်ပေါက်စလေးတွေကတော့ တခြားမွေးကင်းစ မျောက်ပေါက်စလေးတွေနဲ့ ယှဉ်ရင် အနည်းငယ်ကြီးထွားသယောင်ရှိပြီး မိခင်ရဲ့ကျောပေါ်ကိုလည်း လွယ်ကူသက်သာစွာ တွဲလွဲခိုနိုင်တာကိုလည်း တွေ့ရပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment