Powered by Blogger.

အမေရိကန် သမ္မတကတော်ဟောင်း နန်စီရေဂန်ရဲ့ ရုပ်အလောင်းကို ယနေ့မြှပ်နှံမည်ဖြစ်



နန်စီရေဂန်ရဲ့ရုပ်အလောင်းထည့်ထားတဲ့ ခေါင်းတလားကို ကြာသပတေးနေ့မှာ ကယ်လီဖိုးနီးယားက Simi Valleyရဲ့Ronal Regan Presidential Libraryကိုသယ်ဆောင်လာခဲ့ပြီး အောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ထားရှိခဲ့ပါတယ်။

သူမရဲ့ ရုပ်အလောင်းကို ကြည့်ရှုဖို့ပြည်သူတွေကို ကြာသပတေးနေ့က ဒေသစံတော်ချိန် ၁၀နာရီကနေ နေ့လည် ၂နာရီအထိ ခွင့်ပြုခဲ့ပါတယ်။သူမကို သူမရဲ့ခင်ပွန်း ကန်သမ္မ
ဟောင်း ရိုနယ်ရေဂန်နဲ့နောက်နားမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ရိုနယ်က အသက်၅၂နှစ် အရွယ်မှာ အယ်လ်ဇိုင်းမားနဲ့ဆုံးပါးခဲ့တာပါ။

နန်စီကတော့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နှလုံးခုန်ရပ်ပြီးသေဆုံးခဲ့ပါတယ်။

သူမရဲ့သားသမီးတွေဖြစ်တဲ့ ရွန်ရေဂန်နဲ့ပက်တီဒေးဗစ်တို့နဲ့အတူ အိမ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရိုင်ယန်တို့က ဗုဒ္ဓဟူးနေ့က သီးသန့် ပြုလုပ်ခဲ့တဲ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

သူမရဲ့ဈာပနအခမ်းအနားကို သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျု ဘုရှ် နဲ့ဇနီးဖြစ်သူ လာရာ ဘုရှ်၊ဟီလာရင် ကလင်တန်နဲ့မီရှယ်လ် အိုဘားမားတို့အပါအ၀င် လူတစ်ထောင်လောက် ဖိတ်ကြားတက်ခဲ့ပါတယ်။

အမေရိကန် သမ္မအိုဘားမားကတော့ အခြားအခမ်းအနားကို သွားရောက်ဖို့ရှိတဲ့အတွက် အဆိုပါဈာပနကိုတက်ရောက်နိုင်ခြင်းမရှိပါဘူး။

“သူမရဲ့ အထူးတောင်းဆိုချက်က သူမကို ခင်ပွန်းဖြစ်သူကို မြှုပ်နှံထားတဲ့နေရာရဲ့ညာဘက်မှာ တတ်နိုင်သမျှနီးထက်နီးအောင် ထားရှိပေးဖို့ဖြစ်ပါတယ်”လို့ Ronald Regan Presidential Foundation and Libraryရဲ့စီမံခန့်ခွဲရေး မန်နေဂျာ ဂျွန် ဟိုက် ဘာ့ရှ်က ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment