Powered by Blogger.

မစ္စစ္စပီငလျင်ကြောင့် ကားပျက်အတွင်းမှာ ဆယ်ကျော်သက်တစ်ဦးသေဆုံးနေတာကိုတွေ့ရှိခဲ့



တောင်ပိုင်းပြည်နယ် အများအပြားမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်၊မိုးသည်းထန်စွာရွာသွန်းမှုနဲ့
ရုတ်တရက်ရေကြီးမှုတွေကြောင့် မစ္စစ္စပီက ဆယ်ကျော်သက်တစ်ဦးဟာ   ကားပျက်ထဲမှာသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။

အဆိုပါ ငလျင်တွေက လူးဝစ်စီနာ၊အလာဘာမားနဲ့ မစ္စစ္စပီ တို့မှာကြာသပတေးနေ့က ဖြစ်ပွားခဲ့တာပါ။

National Weather Serviceကတော့ အလာဘာမားရဲ့ Thomasvilleဒေသမှာသစ်ပင်တွေလဲပြိုတာ  အိမ်တွေပျက်စီးတာတွေဖြစ်ခဲ့ပြီးအဆိုပါ ငလျင်က အလာဘာမား-တီနက်စီး နယ်နိမိတ်မှာဖြစ်ခဲ့တာလို့ဆိုပါတယ်။
မိုးသီးကြွေတာတွေနဲ့ ရုတ်တရက်ရေကြီးတာတွေကတော့ မစ္စစ္စပီရဲ့အနောက်တောင်ဘက်မှာဖြစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မစ္စစ္စပီရဲ့ ၀ီကင်ဆန်ဒေသမှာအမျိုးသမီးတစ်ဦးကို ရေလွှမ်းနေတဲ့ ကားအမိုးပေါ်ကနေ ကယ်ဆယ်ခဲ့ရပြီး ရေတွေက လက်ဖလိုးနဲ့ဆန်းဖလားဝါးဒေသတွေမှာရှိတဲ့ အိမ်တွေထဲကို ရေတွေဝင်ခဲ့ပါတယ်။
သောကြာနေ့မနက်မှာတော့ မစ္စစ္စပီမှာနေထိုင်သူတွေက လျှပ်စစ်မီးမရရှိသေးဘူးလို့ သတင်းတွေကတင်ပြခဲ့ပါတယ်။


မစ္စစ္စပီ တီရှိုမင်ဂိုဒေသမှာနေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် William Mc Mahanမောင်းနှင်လာတဲ့ကားဟာ မိုးရွာသွန်းမှုကြောင့်လမ်းတွေချော်နေတဲ့အတွက် ယာဉ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပွားချိန်မှာ Williamက သူ့ရဲ့ကျောင်းကို သွားနေတာဖြစ်တယ်လို့ Daily Corinthianကသတင်းပေးခဲ့ပါတယ်။
ဟားနက်မြို့ရဲ့ Brecinridgeအလယ်တန်းကျောင်းက အမိုးတွေဟာလည်းပြင်းထန်တဲ့လေအားကြောင့် ပွင့်ထွက်သွားခဲ့တယ်လို့ Louisvilleရဲ့WDRB-TVကတင်ပြခဲ့ပါတယ်။ဒါ့အပြင် Harned Trailer Parkမှာရှိတဲ့ရွေ့လျားအိမ်နှစ်ခုက မှောက်သွားခဲ့တဲ့အတွက် လူနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တူလ်ဆာမှာဖြစ်ခဲ့တဲ့ ငလျင်ကတော့တစ်စတုရန်းမိုင်ပတ်လည်မှာရှိတဲ့ အဆောက်အအုံတွေကို ပျက်စီးစေခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ခုလည်းပါဝင်ခဲ့ပါတယ်။

ညလယ်ပိုင်းမှာတော့မုန်တိုင်းက အားပျော့သွားတယ်လို့ထင်ရပေမယ့်အလာဘာမား၊ဂျော်ဂျီယာ၊တောင်နဲ့မြောက်ကယ်ရိုလိုင်းနားကိုဖြတ်ပြီး အရှေ့စူးစူးကို ဦးတည်မယ်လို့ ယူဆရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment