Powered by Blogger.

လေ့ကျင့်ရေးအပြီးမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းကို ကားပေါ်မှာ ထားခဲ့တဲ့ စီအိုင်အေ



စီအိုင်အေက ထရိန်နင်တစ်ခုအပြီးမှာ ပေါက်ကွဲစေနိုင်တဲ့လေ့ကျင့်ရေးပစ္စည်းတစ်ခုကို  ဗာဂျီးနီးယား ကျောင်းတစ်ကျောင်းရဲ့ မူလတန်းကျောင်းသားတွေနဲ့အထက်တန်းကျောင်းသားတွေအတွက် အသုံးပြုနေတဲ့ ဘတ်စ်ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ဗာဂျီးနီးယားရဲ့ Loudounဒေသက ငြိမ်ဝပ်ပိပြားရေးအရာရှိတွေနဲ့ စီအိုင်အေတို့ဟာ ကျောင်းဘတ်စ်ကားကို နွေဦးရာသီရဲ့လေ့ကျင့်ရေးဆင်းနေစဉ်မှာ အသုံးပြုခဲ့တယ်လို့ ၀န်ခံခဲ့တာပါ။

စီအိုင်အေရဲ့ပြောကြားချက်အရ လေ့ကျင့်ရေးမှာ ဖောက်ကွဲရေးပစ္စည်းတွေနဲ့ အနံ့ခံခွေးတွေကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲစေတဲ့ ပစ္စည်းတွေပါဝင်တဲ့ သေတာကို ကျောင်းရဲ့ပြောရေးဆိုခွင့်ရှိသူ Wayde Bayardက ဘိလပ်မြေလိုပျော့ပျောင်းပြီး ပေါက်ကွဲစေနိုင်တဲ့အပြင် စစ်မြေပြင်ဖောက်ကွဲရေးတွေအတွက် သင့်တော်တယ်လို့ဆိုပါတယ်။ဒါ့အပြင် စနက်တံမထည့်ထားရင် တည်ငြိမ်ပြီး ကျောင်းကားရဲ့ အင်ဂျင်အစိတ်အပိုင်းထဲမှာတွေ့ရှိခဲ့တာပါ။
ကျောင်းသားတွေအတန်းမတက်ခင် ကားပုံမှန်ထိန်းသိမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျောင်းကားကို တနင်္လာနေ့နဲ့အင်္ဂါနေ့တွေမှာ အသုံးပြုထားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေကို သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ရေးအတွင်းမှာ အဆိုပါပေါက်ကွဲစေတဲ့အရာကို ကားကိုအသုံးပြုခဲ့တဲ့ CIA K-9 အဖွဲ့က အမှတ်တမဲ့ထားခဲ့တာဖြစ်တယ်လို့ စီအိုင်အေကဆိုပါတယ် ။ဒါ့အပြင် ကျောင်းဘတ်စ်ကို စီးနင်းခဲ့တဲ့ ဘယ်သူ့ကိုမှ မထိခိုက်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းဥပဒေအရ  ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ကျောင်းတာဝန်ရှိသူတွေနဲ့ စီအိုင်အေကိုယ်စားလှယ်တွေပါဝင်ခဲ့ပြီး လုံခြုံရေးသံတမန်ကျင့်ဝတ်တွေကို မသတ်မှတ်သေးခင်အထိ လေ့ကျင့်ရေးကို ရွေ့ဆိုင်းရပ်နားထားရမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။

“ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော်တို့စိတ်မကောင်းပါဘူး ဒါပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ဆန်းစစ်မှာပါ  အမှန်တကယ် ကျွန်တော်တို့နဲ့ဆက်စပ်ပါတယ် စီအိုင်အေကလည်း သူတို့ရဲ့ နက်နဲတဲ့ သက်ဆိုင်မှုနဲ့ နောင်တတွေကို ဖော်ပြခဲ့တယ်”လို့ Bayardက ဖွင့်ဟခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment