Powered by Blogger.

ပြင်သစ်အကြမ်းဖက်မှုမှာ ပါဝင်နေတယ်လို့ယူဆရတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးအဖမ်းခံရ


ပြင်သစ်အကြမ်းဖက်မှုမှာပါဝင်နေတယ်လို့ဘယ်ဂျီယံအာဏာပိုင်တွေယူဆတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးကို
ဖမ်းဆီးခဲ့တယ်လို့ ဗဟိုအစိုးရနဲ့ဆက်စပ်နေတဲ့ ရှေ့နေတွေကဆိုပါတယ်။

အသက်၃၃နှစ်အရွယ်ရှိပြီးအစနာမည်Y.Aလို့သာအတည်ပြုလို့ရတဲ့ဘယ်လ်ဂျီယံနိုင်ငံသားကို အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားမှုနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

သူ့ကိုထိန်းသိမ်းထားမှုကို သောကြာနေ့က တရားသူကြီးတွေ ဆုံးဖြတ်ချက်မချခင်အထိ ဆိုင်းငံ့ထားပါတယ်။

 Y.Aကို ပြင်သစ်နိုင်ငံသား Reda Kirketရဲ့ တတိယမြောက်ကြံရာပါအဖြစ် တရားစွဲခဲ့တာဖြစ်ပါတယ်။

ရှေ့နေတွေကအသက်၃၄နှစ်ရှိပြီဖြစ်တဲ့Kirketကိုအကြမ်းဖက်မှုကိုပါဝင်စီစဉ်မှုနဲ့မတ်လ၂၄ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရဲတွေက Kirketရဲ့တိုက်ခန်းမှာ ခြောက်လုံးပြူးသေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Kirketရဲ့ တိုက်ခန်းအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်တွေက အန္တရာယ်ဖြစ်စေနိုင်တဲ့တိုက်ခိုက်မှုကို ပြနေပေမယ့် အဓိကပစ်မှတ်လို့ ယူဆလို့မရသေးဘူးလို့အာဏာပိုင်တွေကဆိုပါတယ်။

Kirketကတော့လက်နက်တွေကအသိမိတ်ဆွေတွေ ကျန်ခဲ့တာဖြစ်ပြီးအကြမ်းဖက်မှုနဲ့မပတ်သက်ဘူးလို့
ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်၃၈နှစ်အရွယ်အယ်ဂျီးရီးယားနိုင်ငံသား Abderahmane Ameroudနဲ့၃၄နှစ်အရွယ်Rabah.Mတို့ဟာလည်း
မတ်လ ၂၅ရက်နေ့က Kirketရဲ့ ကြံရာပါတွေအဖြစ် တရားစွဲခြင်းခံခဲ့ရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment