Powered by Blogger.

San Diegoဒေသမှာ လေယာဉ်ပျံအသေးစားနဲ့ ကားတိုက်မိပြီး တစ်ဦးသေဆုံး ၊ ငါးဦးဒဏ်ရာရ


San Diegoရဲ့ အဝေးပြေးလမ်းမပေါ်မှာမောင်းနှင်နေတဲ့ကားနဲ့လေယာဉ်အသေးစားတစ်စင်းတို့
တိုက်မိခဲ့တဲ့အတွက်လူတစ်ယောက်သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

The Los Angeles Timeရဲ့ အဆိုအရ လေယာဉ်ထဲမှာ လူနှစ်ယောက်ပါဝင်ပြီး ကားထဲမှာတော့လူလေးယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား အဝေးပြေးလှည့်ကင်းရဲတွေကတော့
သေဆုံးသူက အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်ခန်းကထိုင်ခုံမှာ ထိုင်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဟာ April ၂ရက်နေ့ ဒေသစံတော်ချိန် ၉နာရီ ၁၅လောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပြယ်နယ်ရဲ့လမ်းကြောင်း ၇၆အနီးက Northbound 1-15မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဆိုပါ အက်စီးဒင့်ကြောင့် အနီးအနားဒေသတွေကိုပါ ယာဉ်ကြောပိတ်ဆို့မှုတွေကိုပါ ဖြစ်စေခဲ့ပါတယ်။

ရဲတွေကတော့ ယာဉ်မောင်းကို လမ်းရဲ့အပြင်ဘက်ကို ဆွဲထုတ်ခဲ့ရပြီးတော့မောင်းသူဟာအက်စီးဒင့်
ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့လက်ကိုင်ဖုန်းက Bluetoothနဲ့ ကားကို ချိတ်ဆက်ဖို့ကြိုးစားနေတယ်လို့
ဆိုပါတယ်။

မျက်မြင်သက်သေတွေကတော့ မတော်တဆမှုဖြစ်တဲ့အချိန်အတွင်း လေယာဉ်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ
ရှိနေတယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတစ်ယောက်ကတော့ အက်စီးဒင့်ဖြစ်ပွားတဲ့နေရာက ပုံတွေကို တင်ခဲ့ပါတယ်။တွစ်တာကို တင်ခဲ့တဲ့ပုံတွေမှာ အဖြူရောင်နဲ့အပြာရောင်စပ်ထားတဲ့လေယာဉ်က တံခါးလေးပေါက်ပါတဲ့ အနက်ရောင်ကားရဲ့နောက်မှာ လဲနေတဲ့ပုံလည်းပါဝင်ခဲ့ပါတယ်။
FAAရဲ့ပြောရေးဆိုခွင့်ရှိသူ အီရန် ဂရီဂေါ်ကတော့ လေယာဉ်က ထိုင်ခုံနှစ်ခုသာ ပါတဲ့လေယာဉ်ဖြစ်တယ်လို့ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment