Powered by Blogger.

ခင်ပွန်းလောင်းအတွက် ဘေလ်ဘုတ်ထောင်ပြီး ကိုယ့်ကိုကိုယ်ကြော်ငြာခဲ့တဲ့ ထိုင်းသရုပ်ဆောင်



အသက် ၄၀အရွယ် ထိုင်းမင်းသမီးတစ်ဦးဟာ ကြီးမားတဲ့ဘေလ်ဘုတ်မှာ လိင်ဆက်ဆံဖို့ ခင်ပွန်းအလိုရှိတဲ့အတွက် ကြော်ငြာခဲ့ပြီး အဆိုပါကြော်ငြာကို ထိုင်းရဲတွေက ဖြုတ်ချခဲ့ပါတယ်။

TVသရုပ်ဆောင် Aryanya Pui Pathumthong က အောင်သွယ်အေဂျင်စီတွေနဲ့ဆော့ဖ်ဝဲတွေကနေ ခင်ပွန်းလောင်းရှာဖွေတာ အဆင်မပြေတဲ့အတွက်  ပါတနာရှာဖို့ကြီးမားတဲ့ ကြော်ငြာဘုတ်ကို ငှားရမ်းခဲ့ပါတယ်။

အဆိုပါ ကြော်ငြာဘုတ်မှာ သူမရဲ့ရှင်းရှင်းလင်းလင်း လိင်ဆွဲဆောင်ဖော်ပြထားတဲ့ပုံကို ပြသထားပြီး “I Want You”လို့ခေါင်းစဉ်တပ်ထားပါတယ်။

ကြော်ငြာရဲ့အောက်ဆုံးမှာ သူမရဲ့ဖုန်းနံပါတ်ပါဝင်ပြီး “အသက် ၄၀အပျိုစင်ပါ Pui Aryanya က ခင်ပွန်းလောင်းရှာဖွေနေပါတယ်”လို့ရေးသားထားပါတယ်။ဒါ့အပြင် “ကျွန်မမသေခင်တစ်ခါလောက် အခွင့်အရေးရချင်တယ်”လို့ဆိုပါတယ်။
Aryanyaဟာ B-list အဆင့်သရုပ်ဆောင်ဖြစ်ပြီး အမှန်တကယ်က အသက် ၄၅နှစ်ရှိပြီလို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။

သူမဟာတကယ်ပဲ အယူခံဝင်ရမယ်ဆိုလည်း လေးလေးနက်နက်ဖြစ်နေပြီး ဘန်ကောက်ရဲ့ Lat Phroo ဒေသမှာ ကြော်ငြာဘုတ်ထောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းရဲတွေက လူထုကို ညစ်ညမ်းစေမှုနဲ့ ကြော်ငြာအေဂျင်စီကို ဒဏ်ကြေး ဘတ် ၅၀၀၀ တောင်းခံခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကြော်ငြာဘုတ်ကို ဖြုတ်ချခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးကတော့ “ဒီအမျိုးသမီးကို ပိုစတာရဲ့အရင်းခံအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့စစ်ဆေးမေးမြန်းလိုပါတယ်”လို့ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment