Powered by Blogger.

ကာရိုလိုင်းနားက ၂ နှစ်အရွယ်ကလေးမလေးက ဘောင်းဘီကူဝတ်ပေးဖို့ 911 ကို ဖုန်းခေါ်ခဲ့



ကာရိုလိုင်းနားတောင်ပိုင်းက ၂ နှစ်အရွယ် ကလေးငယ်လေးဟာ သူဘောင်းဘီဝတ်ဆင်ဖို့ အခက်တွေ့နေတာမို့ အရေးပေါ်ဖုန်းနံပါတ် 911ကို ဖုန်းခေါ်ခဲ့ပါသတဲ့။

ရဲအရာရှိ Martha Lohnes က ဗုဒ္ဓဟူးနေ့က ကလေးငယ်တစ်ဦးရဲ့ အရေးပေါ်ဖုန်းခေါ်သံကြောင့် အကူအညီပေးဖို့ ၀န်ထမ်းတွေ လွှတ်ပေးခဲ့ရပါသတဲ့။

 “ ကျွန်မ အိမ်ကိုလည်း ရောက်သွာရော ဘောင်းဘီတစ်ဝက်တစ်ပျက် ၀တ်ထားပြီးတဲ့ ကလေးမလေးက အိမ်တံခါးဝကို ထွက်လာပြီး သူဘောင်းဘီဝတ်လို့မရတဲ့ အကြောင်း ကျွန်မကို ပြောပြတော့ပါပဲ။ ဒါနဲ့ ကျွန်မလည်း လှေကားထစ်မှာ ထိုင်ပြီး သူ့ကို ဘောင်းဘီဝတ်ပေးလိုက်တယ်။ ပြီးတော့ ကလေးလေးက သူ့ကို ချီပြီး ဖက်ထားပေးဖို့ ပြောသေးတယ်။

ကျွန်မရဲ့ ဒီနေ့ဂျူတီချိန်အတွက်တော့ အကောင်းဆုံး အခိုက်အတန့်လေး ဖြစ်သွားပါတယ်။” လို့ ဌာနရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်

Lohnes ကတော့ Aliyah လို့ခေါ်တဲ့ ကလေးမလေးကို ခုလို အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာကို သိတဲ့အတွက် အတော်အထင်ကြီးသွားမိပါသတဲ့။ ဘယ်လိုအခြေအနေကိုမှ တကယ့်အရေးပေါ်လို့ မသိပေမယ့်ပေါ့လေ။

 “ ဒီလို ၂ နှစ်အရွယ် ကလေးငယ်လေးဟာ 911 ကိုခေါ်ဖို့သိတယ်ဆိုတာ တကယ့်ကို အံသြစရာပါပဲ “ လို့ Lohnes က WSPA-TV ကို ပြောသွားပါသေးတယ်။

Aliyah ရဲ့မိခင်ဖြစ်သူ Ryan ကတော့ သမီးလေးကို အရေးပေါ်အခြေအနေတွေဖြစ်ရင် 911 ကို ဖုန်းခေါ်ရတယ်ဆိုတဲ့အကြောင်း ပြောပြထားဖူးပါသတဲ့။

 “ ကျွန်မတို့က သူ့ကို ဒီနံပါတ်ခေါ်လို့ရတယ်လို့ပဲ ပြောပြဖူးလို့ သူခုလိုတကယ်ခေါ်လိုက်တော့ ကျွန်မတို့ အရမ်းအံ့အားသင့်သွားရတာပေါ့” လို့ Ryan က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment