Powered by Blogger.

လေယာဉ်ပေါ်ကနေ မောင်းထုတ်ခံရတဲ့ အစ္စလာမ်မိသားစု လေကြောင်းလိုင်းကတောင်းပန်တာကို အလိုရှိ



Chicago O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့လက လေယာဉ်တစ်စင်းပေါ်ကနေနှင်ထုတ်ခံခဲ့ရတဲ့အတွက် အစ္စလာမ်မိသားစုတစ်စုဟာ Unitedလေကြောင်းလိုင်းကနေ တောင်းပန်မှုတစ်ခုကို ပြုလုပ်ပေးစေချင်နေပါတယ်။


အဆိုပါ မိသားစုဟာ ကလေးထိုင်ခုံအမြင့်သယ်ဆောင်တာနဲ့ပတ်သက်ပြီး ဆွေးနွေးပြီးနောက် ခဏမှာ လေယာဉ်ပေါ်ကနေ ထွက်သွားပေးဖို့တွန်းအားပေးခြင်းခံခဲ့ရပါတယ်။


မိသားစုဟာ ကလေးထိုင်ခုံအမြင့်အတွက် အပိုကြိုး ရနိုင်မလားဆိုတာမေးခဲ့ပြီးနောက်မှာ လေယာဉ်လုံခြုံဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ်ပေါ်ကနေ ထွက်သွားပေးဖို့တွန်းအားပေးခြင်းခံခဲ့ရပါတယ်လို့ အမေဖြစ်သူ Eaman-Amy Saad Shebleyက You Tube Videoမှာ ပြောခဲ့ပါတယ်။


Unitedလေကြောင်းလိုင်းကတော့ အဓိကအချက်ကတော့ ကလေးထိုင်ခုံကိစ္စပါလို့ အခိုင်အမာဆိုပါတယ်။


“သူတို့တွေက  နဂိုတည်းက Sky West နဲ့လိုက်ပါစီးနင်းဖို့ အစီအစဉ်ဆွဲထားပြီးသားပါ။ဒါပေမယ့် သူတို့ကို နောက်လာမယ့်လေယာဉ်အတွက် ကြိုတင်လက်မှတ်ဝယ်ပေးခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် လုံခြုံရေးစည်းမျဉ်းတွေနဲ့ မညီတဲ့ သူတို့ကလေးရဲ့ထိုင်ခုံနဲ့ပတ်သက်နေလို့ပါ”လို့ Unitedလေကြောင်းလိုင်းကဆိုပါတယ်။


လေကြောင်းလိုင်းကတော့ Unitedနဲ့Sky West နှစ်ခုစလုံးက ၀န်ထမ်းတွေက ကျွမ်းကျင်မှုအမြင့်ဆုံးဖြစ်အောင်ကိုင်တွယ်နိုင်ပြီး ခွဲခြားသိမြင်နိုင်မှုတွေရှိတယ်လို့ဆိုပါတယ်။


မိဘတွေက ထိုင်ခုံမှာ စစ်ဆေးရေးခုံကို မဖြတ်ခင်စစ်ဆေးဖို့ ကြိုးစားပေမယ့် United ရဲ့ဝန်ထမ်းတွေက ကွန်ပျူတာစနစ်တွေက ကျနေတဲ့အတွက် လေယာဉ်ပေါ်ကို သယ်ဆောင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။


မိသားစုဟာ လေယာဉ်ကို သူတို့ကလေးတွေနဲ့အခြားခရီးသည်တွေကို ငဲ့ပြီး အမြန်ထွက်ခွာဖို့ရွေးချယ်ခဲ့တယ်လို့

ဆိုပါတယ်။ဒါ့အပြင် သူတို့ကို ရမယ်ရှာတယ်လို့ခံစားရပြီး စိတ်သိမ်ငယ်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။


မွတ်စလင်မိသားစုဟာ လေယာဉ်ဝန်ထမ်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သူတို့ရဲ့ခရီးစဉ်တွေ ရွေ့ဆိုင်းခဲ့ရတဲ့အတွက် ကုန်ကျစရိတ်တွေကို တောင်းပန်ဖို့မေးမြန်းခဲ့ပြီး ယခင်ကလည်း Unitedလေကြောင်းလိုင်းဟာ မွတ်စလင်မိသားစုတွေကို ခွဲခြားဆက်ဆံခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။


(Beauty Syh)


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment