Powered by Blogger.

ပါကစ္စတန် ရုတ်တရက်ရေကြီးမှုမှာအနည်းဆုံး ၅၃ ဦး သေဆုံး



အငြင်းပွားဖွယ်ရာ ကက်ရှ်မီးယားဒေသနဲ့အနောက်မြောက် ပါကစ္စတန်ဒေသတွေမှာရေလွှမ်းမိုးမှုကြောင့် လူအနည်းဆုံး ၃၅ယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့မှာ ဆိုပါတယ်။

မိုးရွာသွန်းမှုက April ၂ရက်နေ့စနေနေ့ညမှာစတင်ခဲ့ပြီး ခိုင်းဘား ပက်ထွန်း(Khyber Pakhtun)၊
ကက်ရှ်မီးယား(Kashmir)နဲ့ဂီလ်ဂျစ် (Gligit)ဒေသတွေမှာရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ပါကစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့အဆိုပါ ရေလွှမ်းမိုးမှုမှာ လူပေါင်း ၆၀လောက် ဒဏ်ရာရခဲ့ပါတယ်။

ကောက်ပဲသီးနှံတွေဟာလည်းကျေးလက်ဒေသတွေကို ရေနဲ့ပါသွားပြီး မြေပြိုခြင်းတွေ၊အိမ်ပျက်စီးခြင်း
 တွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဆိုပါမိုးရွာသွန်းမှုကိုပါကစ္စတန် နိုင်ငံမှာအတွေ့ရများပြီး  ဇူလိုင်လအလယ်လောက်မှာတွေ့ရတဲ့  မုတ်သီရာသီ အကြိုမိုးလို့ယူဆကြပါတယ်။ခိုင်းဘား ပက်ထွန်း(Khyber Pakhtun)စီရင်စုရဲ့ ရှန်ဂလား(Shangla)နဲ့ ကာဟီစတန်(Kahistan)ခရိုင်မှာကတော့ မိုးရွာသွန်းမှုနဲ့ ရေကြီးမှုအများဆုံးဖြစ်ပွားခဲ့တာပါ။

မတ်လ ၇ရက်နေ့တုန်းကလည်း ပါကစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၁၂၁ဦးသေဆုံးခဲ့ပါတယ်။ဒါ့အပြင်
လူ ၁၇၄ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး မြေပြိုမှုတွေ၊အမိုးပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment