Powered by Blogger.

အာထရာဆောင်းဓါတ်ပုံထဲမှာတင် လက်ကလေးနှစ်ချောင်းထောင်ပြတဲ့ ကလေးလေး


Boston ရှိ စုံတွဲတစ်တွဲဟာ သူတို့ရင်သွေးလေးက သားသားလေးလား၊ မီးမီးလေးလား သိရှိစေဖို့ အာထရာဆောင်းရိုက်ကူးစဉ် ဒီလိုထူးခြားတဲ့ ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

Janine နဲ့ Ryan Godfrey တို့ရဲ့ ရင်သွေးလးဟာ သားသားလေးဖြစ်ပြီး လေးလရှိပြီဖြစ်ကြောင်းနဲ့ အာထရာဆောင်းရိုက်စဉ်မှာ ကလေးငယ်က ငြိမ်းချမ်းရေး သင်္ကေတ လက်ကလေးနှစ်ချောင်းထောင်နေပုံကို ရိုက်ကူးရရှိတာဖြစ်ပါတယ်။

 “ ကလေးက အထဲမှာ လှုပ်ရှားနေပြီး သူ့ရဲ့လက်ချောင်းလေးတွေကိုလည်း ထောင်ထားတယ်လေ။ ကျွန်မက ဒါကိုမမြင်ပါဘူး၊ စမ်းသပ်ပေးတဲ့ ဆရာမကတော့ သေမတတ် ရယ်နေပြီးတော့ ကျွန်မကို ကြည့်ပါဦး ဒီမှာ ကလေးက လက်နှစ်ချောင်းထောင်ပြနေတယ်လို့ ဆိုမှ သတိထားမိတာပါ”  လို့ Godfrey က ဆိုပါတယ်။

ခုတော့ ကလေးလေးကို #peacebaby လို့ ချစ်စနိုးခေါ်နေကြပြီး သြဂုတ်လမှာ မွေးဖွားမှာ ဖြစ်ပါသတဲ့။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI 


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment