Powered by Blogger.

ကြာရှည်ခံမာကာဆော့ပင်နဲ့ ဆေးရောင်ခြယ်ခံလိုက်ရတဲ့ ပူစီလေး၂ကောင်ကို ရေအကြိမ်ကြိမ်ချိုးပေးခဲ့ရ



ဗြိတိန်တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ တစ်ခုက လုပ်အားပေးသူတွေဟာ ကြာရှည်ခံမာကာဆော့ပင်နဲ့ ဆေးရောင်ခြယ်ခံထားရတဲ့ ကြောင်ပေါက်လေး ၂ကောင်ကို ရေအကြိမ်ကြိမ် ချိုးပေးခဲ့ရပါသတဲ့။

လေးပတ် သားအရွယ် ကြောင်လေး ၁ ကောင်ရဲ့ အဖြူရောင်အမွေးလေးတွေကို ကြာရှည်ခံတဲ့ဆေးရောင်တွေနဲ့ ခြယ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ Bradford, England မှ Cat Watch Rescue ဂေဟာက လုပ်အားပေး Katie Lloyd က ပြောပြပါတယ်။

ကြောင်လေးတစ်ကောင်ကိုတော့ အစိမ်းရောင်ခြယ်ထားပေးပြီး တခြားတစ်ကောင်ကိုတော့ အပြာရောင်ခြယ်ထားပေးထားတာ ဖြစ်ပါတယ်။
 “ ကျွန်မတို့အနေနဲ့ ဒီလိုအဖြဖစ်အပျက်မျိုးတွေ ခဏခဏ ကြုံဖူးပေမယ့် ဆေးရောင်ခြယ်သွားတဲ့ အဖြစ်အပျက်ကတော့ ဒါပထမဆုံးပါပဲ” လို့ Facebook စာမျက်နှာမှာ ပိုစ့်ရေးသားထားပါတယ်။

ကြောင်လေးတွေကို “ Shrek “ နဲ့ “ Smurf “ လို  ဖြစ်အောင် အရောင်တွေခြယ်သွားကြတာလို့ Lloyd က ဆိုပါတယ်။
 “ ကြောင်လေးတွေရဲ့ နှာခေါင်း၊ ပါးစပ်ထဲနဲ့ မျက်လုံးတွေထဲကို မှင်တွေ ၀င်မသွားအောင် အရမ်းဂရုစိုက်ခဲ့ရပါတယ်။

ရေချိုးပေးတဲ့အကြိမ်တိုင်းမှာတော့ အရောင်တွေကျွတ်ထွက်လာပါတယ်။ အကုန်ပြောင်စင်မသွားဘူးဆိုရင်တော့ ဖြည်းဖြည်းချင်းတော့ အရောင်တွေပျောက်သွားမှာပါ “ လို့ BBC ကို သူကပဲ ရှင်းလင်းပြောပြသွားပါတယ်။

( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment