လိင်တူချစ်သူတွေ၊ လိင်စိတ် ၂ ခွရှိတဲ့ ငယ်ရွယ်သူတွေ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုများ မြင့်တက်
လိင်တူချစ်သူတွေ နဲ့ လိင်စိတ် ၂ခွရှိသူ လူငယ်တွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေ၊ ထိခိုက်နာကျင်အောင် ပြုလုပ်တာတွေဟာ ပိုမိုမြင့်တက်လာတယ်လို့ ဗြိတိန်သုတေသီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေ့လာချက်မှာတော့ ဗြိတိန်မှာရှိတဲ့ အသက် ၁၆ နဲ့ အထက် လိင်တူချစ်သူ နဲ့ လိင်စိတ်၂ ခွရှိသူအမျိုးသား ၅၈၀၀ နီးပါးကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အသက် ၂၆ နှစ်ထက် ငယ်ရွယ်သူ အမျိုးသားတွေဟာ စိတ်ဓါတ်ကျနိုင်ချေ ၂ ဆရှိနေပြီး အသက် ၄၅ နှစ်အောက် အမျိုးသားတွေကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု သို့ ထိခိုက်နာကြင်စေမှုမျိုး ၆ ဆခန့် ပိုမိုပြုလုပ်နိုင်ချေရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါ့အပြင် လိင်တူချစ်သူနဲ့ အတူတွဲဖက်နေထိုင်မှု ရှိတဲ့သူတွေထက် တစ်ဦးတည်း နေထိုင်သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းခန့် ပိုများတယ်လို့ သိရပါတယ်။
London School of Hygiene & Tropical Medicine မှ သုတေသီ Ford Hickson က “ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာ လူမျိုးရေး၊ ငွေကြေး သို့ ပညာရေးတွေပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး။ လူမှုဘ၀ပြောင်းလဲမှုတွေအပေါ် ကူညီထောက်ပံ့တဲ့ ၀န်ဆောင်မှုတွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကောင်းမွန်မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ရရှိခံစားနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ “ လို့ ရှင်းလင်းပြောကြားထားပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : UPI
0 comments:
Post a Comment