Powered by Blogger.

နယူးယော့ခ်မှာ ဂိုဏ်းစတား အယောက် ၁၂၀ ကို တစ်ပြိုင်နက်တည်း သမိုင်းဝင် ဖမ်းဆီးနိုင်ခဲ့



အမေရိကန်ပြည်ထောင်စုက ရဲတပ်ဖွဲ့ဝင်တွေဟာ နယူးယော့ခ်မြို့ ရဲ့ သမိုင်းမှာ အကြီးဆုံး လူဆိုးဂိုဏ်း ဖြိုခွင်းမှု အဖြစ် ဂိုဏ်းစတား အယောက် ၁၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။

ထို ဖမ်းဆီးခံရတဲ့ ဂိုဏ်းစတားတွေကတော့ Big Money Boss(BMB) ဆိုတဲ့ ဂိုဏ်းနဲ့ 2Fly YGz ဆိုတဲ့ ဂိုဏ်းတွေက အဖွဲ့ဝင်တွေနဲ့ နောက်လိုက်တွေဖြစ်ကြပြီး ထို ဂိုဏ်းစတားတွေဟာ လူသတ်မှု ၊ ဖောက်ထွင်းမှု ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု အစရှိတဲ့ ပြစ်မှုတွေနဲ့ ၀ရမ်းထုတ်ခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။






ထို သမိုင်းဝင် ဖမ်းဆီးမှုကြီးမှာတော့ ဖက်ဒရယ်အေးဂျင့်များ နဲ့ နယူးယော့ခ်ရဲတပ်ဖွဲ့ဝင် အယောက် ၇၀၀ ခန့် က ပူးပေါင်းပါဝင်ခဲ့ပြီး နယူးယော့ခ်မြို့ ဘရော့န်စ် ရပ်ကွက်အတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ရတာ ပဲဖြစ်ပါတယ်။ ထိုရပ်ကွက်အတွင်းက လူနေအိမ်ပေါင်း ၄၀၀,၀၀၀ ကျော် အတွက်တော့ ပိုမိုဘေးကင်းလုံခြုံမှု ရှိခဲ့ရပါပြီ။

ထို ဂိုဏ်းစတားတွေအားလုံးနီးပါးဟာ ပျမ်းမျှအားဖြင့် အသက် ၂၄ နှစ်ပတ်ဝန်းကျင်သာ ရှိကြပြီး သူတို့ဟာ အိမ်အိုအိမ်ဟောင်းများနဲ့ ကစားကွင်းများကို ဗဟိုပြုပြီး မူးယစ်ဆေးဝါးများနဲ့ လက်နက်များကို သိုလှောင် ကြတယ်လို့လည်း သိရပါတယ်။

BMB ဂိုဏ်းသားတွေကိုတော့ ၂၀၁၄ ခုနှစ်က အသက် ၁၈ နှစ်အရွယ် Keshon Potterfield နဲ့ ၂၀၁၅ ခုနှစ် မေလ တုန်းက အသက် ၁၅ နှစ်အရွယ် Jeffrey Delmore တို့ကို သေနတ် နဲ့ ပစ်သတ်ခဲ့မှုကြောင့် တရားစွဲဆိုသွားမှာ ဖြစ်သလို 2Fly ဂိုဏ်းသားတွေကိုတော့ ၂၀၁၂ ခုနှစ် မတ်လ တုန်းက အသက် ၁၇ နှစ်အရွယ် Alexander Walters နဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလတုန်းက Donville Simpson တို့ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့မှု နဲ့ တရားစွဲဆိုသွားဦးမယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တွေက ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment