ကိုကိန်းစစ်/မစစ်သိချင်လို့ ရဲစခန်းကိုဝင်မေးတဲ့အမျိုးသမီး အဖမ်းခံရ
ပြင်သစ်နိုင်ငံ ၊ တူးလော့စ်မြို့မှာတော့ အမျိုးသမီးတစ်ဦးဟာ သူ့မှာပါလာတဲ့ ကိုကိန်းတွေက အစစ် ဟုတ်လား ၊ မဟုတ်လားသိဖို့အတွက် ရဲစခန်းကိုဝင်မေးခဲ့တာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီအမျိုးသမီးဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး ကိုကိန်းအထုပ် သုံးထုပ်နဲ့ အတူ ရဲစခန်းထဲကို ဝင်လာခဲ့တာပါ။
ရဲ့ဋ္ဌာနကိုတော့ ကိုကိန်းနှစ်ထုပ်ကို ထုတ်ပြခဲ့ပြီး အစစ် ဟုတ် /မဟုတ် သိချင်လို့ ဝင်မေးတာလို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ချက်ချင်းပဲ ဒီအမျိုးသမီးကို ဖမ်းဆီးလိုက်ပြီး စစ်ဆေးရှာဖွေခဲ့ရာမှာတော့ နောက်ထပ် ကိုကိန်း တစ်ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဘာ့ကြောင့်ဒီလိုမျိုး ရဲစခန်းကိုမှ ဝင်မေးရသလဲဆိုတော့ ဒီအမျိုးသမီးက “ကျွန်မက အစစ်ဟုတ်/မဟုတ် သိချင်လို့ ရဲစခန်းကို ဝင်မေးတာပါ။ ကိုကိန်းစစ်စစ်ကို သုံးနိုင်ရင်တော့ လူတွေဟာ ဆေးလွန်ပြီး သေမှာမဟုတ်တော့ဘူးထင်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒီအမျိုးသမီးဟာဆိုရင်တော့ ၂၀၁၇ ဇန်နဝါရီလကျရင်တော့ တရားရုံးမှာကို အမှုရင်ဆိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
0 comments:
Post a Comment