Powered by Blogger.

၂၀၁၇ မှာ ဖုန်းတိုင်းကပါဝါခလုတ်ကို အရေးပေါ်အကူအညီတောင်းခံနိုင်တဲ့ခလုတ်အဖြစ် အသုံးပြုနိုင်အောင် အိန္ဒိယပြုလုပ်သွားမည်



၂၀၁၄ ခုနှစ်အတွင်းမှာဆိုရင်တော့ အိန္ဒိယနိုင်ငံတွင်းမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေအပါအဝင် ၊ အမျိုးသမီးတွေကို အနိုင်ကျင့်ဖိနှိပ်တဲ့ အမှုပေါင်း ၃၃၇၉၂၂ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင်တော့ တစ်ရက်မှာ အခု ၉၀၀ လောက်ဖြစ်ပွားနေတာဖြစ်ပြီး နှစ်မိနစ်မှာ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရက ဒီလိုပြဿနာကြီးကို နည်းပညာအကူအညီနဲ့ ဖြေရှင်းသွားဖို့ စီစဉ်လိုက်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီးတော့ ဒီလိုမျိုး ရာဇဝတ်မှုအန္တရာယ်နဲ့ ကြုံတွေ့လာခဲ့ရင် အကူအညီတောင်းနိုင်မယ့် အရေးပေါ်ခလုတ်ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။

လူတိုင်းရှိပြီးသားဖြစ်တဲ့ လက်ကိုင်ဖုန်းတွေမှာ ဒီအရေးပေါ်ခလုတ်လုပ်ဆောင်ချက်ကို ထည့်သွင်းသွားမှာဖြစ်ပြီး ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အရေးပေါ်အကူအညီလိုလာတဲ့အခါမှာ ဖုန်းမှာရှိနေတဲ့ ပါဝါခလုတ်ကို သုံးချက်နှိပ်လိုက်ရုံနဲ့ အကူအညီတောင်းနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း နံပါတ် ၅ နဲ့ နံပါတ် ၉ တို့ကို ဖိထားပြီး အကူအညီတောင်းခံနိုင်မှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ဖို့အတွက်တော့ ဖုန်းတွေဟာ GPS ဖွင့်ထားဖို့လိုပြီး အကူအညီတောင်းခံလာတဲ့အခါမှာ အချိန်မြန်မြန်နဲ့ နေရာမှန်ကို တာဝန်ရှိသူတွေရောက်ရှိလာဖို့ အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယကို တင်သွင်းရမယ့် ဖုန်းတွေတိုင်းမှာတော့ ဒီလို အရေးပေါ်ခလုတ်ဝန်ဆောင်မှုကို ထည့်သွင်းပေးထားရမှာဖြစ်ပြီး အခုလို လုပ်ဆောင်ချက်သစ်ကြောင့် ရလဒ်ကောင်းတွေရနိုင်မယ်လို့ အိန္ဒိယအစိုးရက ယုံကြည်နေပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment