Powered by Blogger.

Parague တိရိစ္ဆာန်ရုံက ကိုယ်ဝန်ရှိနေမှန်း မသိခဲ့ကြတဲ့မျောက်ဝံလေးမွေးဖွားမှု



Czech Republic ရှိ တိရိစ္ဆာန်ရုံက မျောက်ဝံလေးတစ်ကောင်ဟာ ဘယ်သူမှမသိဘဲ ကိုယ်ဝန်ဆောင်နေရာက မျောက်ဝံလေးမွေးဖွားလိုက်ရာမှ ၀န်ထမ်းတွေ အံ့အားသင့်သွားခဲ့ကြပါတယ်။

Prague တိရိစ္ဆာန်ရုံက ၀န်ထမ်းတွေကို အံ့အားသင့်ရအောင် လုပ်ခဲ့တဲ့ မျောက်ဝံမလေးနဲ့ သူ့ရဲ့သားဦးလေးပုံကို ဖော်ပြထားခဲ့ပါတယ်။
 “ ထူးဆန်းတာတွေ ဖြစ်သွားပါတယ်! ကျွန်တော်တို့ရဲ့ မျောက်ဝံမလေး Shinda ဟာ သူ့ရဲ့သားဦးလေးကို မွေးခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ဝန်ဆောင်ချိန်တွေကို မသိခဲ့ရဘဲ သူ့ကိုကျွေးမွေးစောင့်ရှောက်တဲ့ ၀န်ထမ်းတွေကို အံ့အားသင့်သွားရအောင် စနေနေ့မနက်ကပဲ ကလေးလေး မွေးဖွားခဲ့ပါတယ် “ လို့ ရေးသားဖော်ပြထားပါတယ်။

ဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြပြီး အသက် ၂၅ နှစ်နီးပါးရှိတဲ့ Shinda ဟာ ထူးထူးဆန်းဆန်းပဲ စနေနေ့က မျောက်ဝံလေးတစ်ကောင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

Shinda ဟာ အရင်က နေခဲ့တဲ့ တိရိစ္ဆာန်ရုံမှာ ဟော်မုန်းဆေးတွေ ထိုးသွင်းပေးခြင်းခံခဲ့ရတာကြောင့် ၂၀၀၁ ခုနှစ် လက်ရှိတိရိစ္ဆာန်ရုံကို ရောက်တဲ့အခါမှာတော့ ကိုယ်ဝန်ပျက်ကျမှုတွေ အများကြီး ကြုံခဲ့ရပါသတဲ့။

Shinda နဲ့ သူ့ရဲ့ကလေးငယ်လေးကို စောင့်ရှောက်ပေးနေတဲ့ Vit Lukas ကတော့ မိခင်ရော ကလေးပါ ကျန်းမာနေကြောင်း၊ ဧည့်သည်တွေ လာရောက်ကြည့်ရှုနိုင်ဖို့လည်း တိရိစ္ဆာန်ရုံက စီစဉ်နေကြောင်း ပြောပြထားပါတယ်။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment