Powered by Blogger.

ခြေထောက်ပုံစံ ယာဉ်တစ်ခုကြောင့် ဗြိတိန်ရဲဌာန အခက်တွေ့သွားရ


ပုံမှန် မော်တော်ကားတွေနဲ့ မတူထူးခြားတဲ့ ခြေထောက်ပုံ ယာဉ်တစ်စီးကို ဗြိတိန်ရဲတစ်ဦးက ဖမ်းဆီးမိပြီး ရဲဌာနတစ်ခုလုံး ဘာလုပ်ရမှန်းမသိ ခေါင်းကုတ်ခဲ့ကြရပါသတဲ့။

London ရဲဌာနရဲ့ Twitter မှာ လူတစ်ယောက်က ခြေထောက်ပုံစံယာဉ်တစ်စီးကို မောင်းနှင်လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးစစ်ဆေးနေပုံကို တနင်္ဂနွေနေ့က ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 “ Balham Tube အနီးမှာ တွေ့ရှိခဲ့ရတာပါ…ဒါနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က ရှင်းပြပေးနိုင်မလား ? “ လို့ ခေါင်းစဉ်တပ်ရေးသား ထားပါတယ်။

ဒီခြေထောက်ပုံ ယာဉ်ကြီးဟာ Wandsworth Arts Fringe ပွဲတော်အတွက် ပရိုမိုးရှင်းလုပ်နေတာ ဖြစ်ကြောင်း Twitter အသုံးပြုသူတွေက ပြန်လည် ပြောပြကြတာကို တွေ့ရပါတယ်။

ပွဲတော်စီစဉ်သူတွေကတော့ ဒီခြေထောက်ကြီးကို ထူးဆန်းထွေလာအကြံဥာဏ်များဆိုင်ရာ ၀န်ကြီးဌာနက ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment