Powered by Blogger.

ဂျာမနီမှာဖုန်းအသုံးပြုရင်း လမ်းလျှောက်တတ်သူတွေအတွက် ပလက်ဖောင်းအစွန်းမှာ အချက်ပြမီးတွေတပ်ဆင်



ဂျာမနီနိုင်ငံကတော့ သူတို့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အထူးအလေးပေးတဲ့နိုင်ငံပါပဲ။

သူတို့နိုင်ငံမှာ ဖုန်းကို ကြည့်ပြီး လမ်းလျှောက်ထွက်တတ်တဲ့သူတွေအတွက် ကိုယ်သွားတဲ့ လမ်းကို သတိထားနိုင်ပြီး ပလက်ဖောင်းပေါ်ကနေ လမ်းပေါ်ကို ကျော်ထွက်သွားမှုမရှိအောင် ၊  ယာဉ်မတော်တဆမှုတွေ ၊ ထိခိုက်မှုတွေမဖြစ်ပွားရအောင် အခုလိုမျိုး ပလက်ဖောင်းနဲ့ လမ်းနယ်နိမိတ်အစွန်းတွေမှာ မြေအောက်အချက်ပြမီးတွေ တပ်ဆင်လိုက်တာဖြစ်ပါတယ်။

အခုလို တပ်ဆင်မှုကိုတော့ အော့စ်ဘတ်မြို့မှာ စတင်ပြုလုပ်လိုက်တာဖြစ်ပြီး ဖုန်းအသုံးပြုနေရင်း ပလက်ဖောင်းပေါ်ဧရိယာကနေ ကျော်ထွက်သွားမှုမရှိအောင် အချက်ပြမီးလေးတွေ တပ်ဆင်ပေးလိုက်တာဖြစ်ပါတယ်။

အော့စ်ဘတ်မြို့မှာတော့ ပြီးခဲ့တဲ့အပတ်အတွင်းက ဖုန်းအသုံးပြုနေရင်း လမ်းလျှောက်ရာကနေ ပလက်ဖောင်းဧရိယာကို ကျော်လွန်ပြီး မြို့ပတ်ရထားလမ်းပေါ်ကို ရောက်ရှိသွားခဲ့တာကြောင့် ရထားတိုက်ပြီး ဆယ်ကျော်သက်နှစ်ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အခုလိုမျိုး သတိလက်လွတ်ပြီး အလဟဿအသက်ဆုံးရှုံးမှုမရှိအောင်လို့ ဒေသဆိုင်ရာ အစိုးရက ပလက်ဖောင်းဧရိယာအစွန်းတွေမှာ မြေအောက် အချက်ပြမီးတွေကို တပ်ဆင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအချက်ပြမီးတွေရဲ့အနားကို မီးရထားရောက်ရှိလာတဲ့အချိန်မှာလည်း အနီရောင်အချက်ပြနိုင်အောင် ဆောင်ရွက်သင့်တယ်လို့လည်း ဒေသခံတွေက အကြံပေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ဖုန်းအသုံးပြုရင်းလမ်းလျှောက်တာကို ပိတ်ပင်တဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ ကြိုးစားလျက်ရှိနေပါတယ်။




( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Odd


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment