Powered by Blogger.

တက္ကဆက်မှာ လမ်းပျောက်နေတဲ့ ကျားလေးရဲ့ပိုင်ရှင်ကို ရဲတွေကရှာဖွေနေ


တက္ကဆက်ရဲဌာနတစ်ခုက လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ထူးထူးဆန်းဆန်း အိမ်မွေးတိရိစ္ဆာန် ကျားမလေးတစ်ကောင်ရဲ့ ပိုင်ရှင်ကို ရှာဖွေနေပါသတဲ့။

ကွန်းရိုး ရဲဌာနက ရဲအရာရှိတွေဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျားတစ်ကောင် လမ်းတွေထဲမှာ လျှောက်သွားနေတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားမှုတွေ အများကြီိး လက်ခံရရှိခဲ့ပါတယ်။

တိရိစ္ဆာန် ထိန်းသိမ်းရေး အရာရှိက လည်ပတ် ပတ်ထားပြီး လမ်းပျောက်နေတဲ့ ကျားမလေးကို ဖမ်းဆီးထိန်းသိမ်းပေးထားပါတယ်။
Jonathan Gesner ဆိုသူက ကြာသာပတေးနေ့ မနက်ပိုင်းက ခြုံပုတ်ထဲမှာ ထိုင်နေတဲ့ လူယဉ်ပါးတဲ့ ကျားလေးကို ထူးထူးဆန်းဆန်း တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ပြောပြထားပါတယ်။

 “ ဘယ်မှ ထွက်မသွားဘဲ၊ ကျွန်တော့်ပခုံးတွေပေါ်ကို သူ့လက်တွေတင်ပြီး ကျွန်တော့မျက်နှာကို စပြီးလျှာနဲ့ လျက်တော့တာပါပဲ။ ပထမတော့ ကျွန်တော်လည်း တကယ်ကြောက်သွားတာ “ လို့ Gessner က Houston Chornicle သတင်းဌာနကို  ပြောပြသွားပါတယ်။

 “ ဒီကောင်လေးရဲ့ မူလအိမ်နဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာကို ကျွန်တော်တို့ ခုထိမသိရသေးပါဘူး “ လို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Dorcy McGinnis က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment