Powered by Blogger.

စားဖို့တောင် မဝံ့မရဲဖြစ်စေတဲ့ ကိတ်မုန့်တွေဖုတ်ပြခဲ့တဲ့ သူနာပြုဆရာမ




ကိတ်မုန့်ဖုတ်တာကို စိတ်ပါဝင်စားတဲ့ သူနာပြုဆရာမတစ်ယောက်ဖြစ်တဲ့ ကတ်သရင်းဟာဆိုရင်တော့ သူမရဲ့ အလုပ်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပုံတွေကို ကိတ်မုန့်ဖုတ်ပြခဲ့ရာမှာတော့ ဘယ်လောက်ပဲ အရသာရှိနေပါစေ မစားချင်လောက်အောင် ဖြစ်သွားခဲ့ရပါတယ်။






သူမဟာဆိုရင်တော့ အရေးပေါ်နဲ့ ပြင်ပလူနာဋ္ဌာနမှာ အလုပ်လုပ်ရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဖုတ်ပြခဲ့တဲ့ ကိတ်မုန့်ပုံသဏ္ဍာန်တွေဟာ သူမအတွက်တော့ ရိုးစင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။





အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့သူမဟာဆိုရင်တော့ သူနာပြုအလုပ်အပြင် အနုပညာနဲ့ ဖန်တီးမှုပိုင်းဆိုင်ရာတွေမှာပါ ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။





 ဒါ့ကြောင့် သူမဟာ ကိတ်မုန့်တွေကို အများနဲ့ မတူတစ်မူထူးခြားအောင် ဖုတ်ပြချင်တဲ့ ဆန္ဒတွေရှိခဲ့တာပါ။ သူမရဲ့ ဦးနှောက်နဲ့ ပင်မအာရုံကြောမကြီးပုံစံ ကိတ်မုန့် ၊ အချင်းပုံစံကိတ်မုန့်တွေက လူသိများထင်ရှားခဲ့ပြီး တကယ်လည်း လက်ရာမြောက်တာကို တွေ့ရပါတယ်။






သူမရဲ့ မုန့်ဖုတ်ပညာဟာ အတော်လေးကို လက်ရာမြောက်လှပြီး ပုံတွေကို အလင်းအမှောင်ချိန်ညှိထားတာတွေက ပိုအသက်ဝင်စေခဲ့တာဖြစ်ပါတယ်။









“ကျွန်မက မတူညီတဲ့အရာတွေကို လုပ်ရတာကို ကြိုက်တယ်။ ဒီကိတ်မုန့်တွေကလည်း အဲ့လိုပဲ။ အရသာရှိပြီး ချိုမြိန်လှပေမယ့်လည်း အပြင်ပန်းကတော့ ကြောက်စရာကောင်းတယ်။ ထူးဆန်းနေတာပေါ့။ ကျွန်မက အဲ့လိုမျိုးလုပ်ရတာကို သဘောကျပါတယ်။ အားလုံးကလည်း ဒီကိတ်မုန့်တွေကို တစ်မူထူးခြားစွာနဲ့ပဲ တုံ့ပြန်ကြတယ်” လို့ ကတ်သရင်းက ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment