Powered by Blogger.

ငှက်ပျောသီးတွေကို ကာတွန်းပုံပြောင်းပေးရာကနေ တစ်နှစ် ဒေါ်လာတစ်သိန်းဝင်ငွေရှိတဲ့အမျိုးသား



အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဒီဗွန်တီဆိုတဲ့ အမျိုးသားရဲ့ ပိုက်ဆံရှာပုံကတော့ ထူးခြားပါတယ်။ ငှက်ပျောသီးကို အရောင်လေးတွေခြယ် ၊ အလှဆင်မှုတွေပြုလုပ်ပေးရင်း တစ်နှစ်ကို ဝင်ငွေဒေါ်လာတစ်သိန်းလောက်ရှာဖွေနိုင်နေတယ်လို့ သိရပါတယ်။


ငှက်ပျောသီးလေးတွေကို ဆေးရောင်ခြယ် ၊ အရောင်တင် ၊ နှုတ်ခမ်းမွှေးအတုလေးတွေတပ်ပေးပြီး ကြည့်လို့ကောင်းအောင် တစ်ခြားပစ္စည်းတွေ တပ်ဆင်ပေးရာကနေ အခုလို ဝင်ငွေတွေရရှိနေတာပါ။



ဒီလို ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ငှက်ပျောသီးတစ်လုံးကို ၁၀ ဒေါ်လာနဲ့ ရောင်းချနေပြီး စီးပွားဖြစ်နေတာပါ။ သူဟာ ပထမကတော့ ဆေးရုံကြီးတစ်ခုမှာ မီးအလှဆင်သူတစ်ယောက်အဖြစ်လုပ်ကိုင်ပြီး ငှက်ပျောသီးတွေပေါ်မှာ အရုပ်တွေ ရေးဆွဲရာကနေ တစ်ဖြည်းဖြည်းနဲ့ လူသိများလာတာဖြစ်တယ်လို့ သိရပါတယ်။



သူ့ရဲ့ ငှက်ပျောသီးအလှဆင်မှုတွေကတော့ ရိုးရိုးလေးတွေဖြစ်ပေမယ့်လည်း အောင်မြင်မှုတွေရခဲ့တာကြောင့် ဒီဗွန်တီက "ကျွန်တော်အရိုးရှင်းဆုံးအလုပ်တစ်ခုကို ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ရှော့ခ်ရခဲ့ပါတယ်။ ရိုးရှင်းတဲ့အလုပ်တစ်ခုကို လူတွေကို မိတ်ဆက်ပေးတဲ့အခါမှာလည်း သူတို့က နှစ်သက်နေလို့ပဲ" လို့ ပြောကြားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment