Powered by Blogger.

တစ်ပတ်နေမှ အောက်ခံဘောင်းဘီ တစ်ခါလဲတဲ့ ဗြိတိန်အမျိုးသားများ



ဗြိတိန် အမျိုးသားကျန်းမာရေးဌာနက အောက်ခံဘောင်းဘီတွေညစ်ပတ်လာတဲ့အခါ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ ထိခိုက်စေသလဲဆိုတာကို သိရှိစေဖို့ အခုလို စစ်တမ်းပြုစုခဲ့တာပါ။

ဗြိတိန်အမျိုးသားအများစုဟာဆိုရင်တော့ သူတို့ဆီမှာ ဟောင်းနွမ်းနေတဲ့ အောက်ခံဘောင်းဘီတွေသာရှိပြီး သက်တမ်းအနေနဲ့လည်း တစ်ထည်ကို လေးနှစ်လောက်သက်တမ်းရှိနေပါတယ်။ ဒီလောက် သက်တမ်းရင့်နေတဲ့ သူတို့ရဲ့ အောက်ခံဘောင်းဘီတွေမှာဆိုရင်တော့ အပေါက်အပြဲတွေလည်း ရှိနေပြီး တစ်ပတ်ကိုတစ်ကြိမ်သာ သူတို့ရဲ့ အောက်ခံဘောင်းဘီတွေကို လဲလှယ်လေ့ရှိတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

အမျိုးသား ၂၀၀၀ ကျော်ကို လေ့လာမှုပြုလုပ်ခဲ့ရာမှာတော့ သူတို့ရဲ့ အခုလို ညစ်ပတ်တဲ့ အကျင့်ဆိုးတွေ ပေါ်ပေါက်လာခဲ့တာပါ။ ၇၈ ရာနှုန်းသော အမျိုးသားတွေဟာဆိုရင်တော့ သူတို့ရဲ့ အောက်ခံဘောင်းဘီတွေကို ခုနစ်ကြိမ်ထက်မနည်း ဝတ်ဆင်ပြီးမှာ လျှော်ဖွတ်လေ့ရှိကြောင်းကိုလည်း ဒီစစ်တမ်းအရ သိရခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုးအောက်ခံဘောင်းဘီ ညစ်ပတ်ခြင်းဟာဆိုရင်တော့ မိန်းကလေးတွေ စွန့်ခွာရခြင်း အကြောင်းတရားကြီး ငါးချက်ထဲက တစ်ခုဖြစ်သလို လိင်ပိုင်းဆိုင်ရာ ဘဝကို ထိခိုက်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဒီစစ်တမ်းက ဖော်ပြထားတာပါ။

ဗြိတိန်က အမျိုးသားတွေမှာဆိုရင်တော့ တစ်ယောက်ကို ပျမ်းမျှ အောက်ခံဘောင်းဘီ ၁၃ ထည်လောက်ပိုင်ဆိုင်ကြပြီး ခြောက်လကို တစ်ခါ ဘောင်းဘီတစ်ထည်ကို အသစ်ဝယ်လေ့ရှိတယ်လို့ သိရပါတယ်။ ပေါင် ၂၀ ကျော်လောက်ကိုလည်း သူတို့ရဲ့ အောက်ခံဘောင်းဘီတွေအတွက် သုံးစွဲလေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဗြိတိန်အမျိုးသားတွေဟာ အသက် ၂၀ ကနေ ၅၀ အတွင်းမှာ Y ပုံစံ အောက်ခံဘောင်းဘီနဲ့ ဘောက်ဆာဘောင်းဘီတို့ကို ဝတ်ဆင်ကြပြီး ၆၀ နောက်ပိုင်းမှာတော့ Y ပုံစံအတွင်းခံကိုသာဝတ်ဆင်တော့တယ်လို့လည်း ဒီစစ်တမ်းက ဖော်ပြခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment