Powered by Blogger.

ဖလော်ရီဒါက အိမ်မွေးတိရိစ္ဆာန်ဆိုင်ကို ကားဝင်တိုက်ပြီး မြွေတွေနဲ့ တောက်တဲ့တွေ လွတ်မြောက်နေ



Florida ရှိ အိမ်မွေးတိရိစ္ဆာန် ဆိုင်ပိုင်ရှင်တစ်ဦးက စတိုးဆိုင်ကို ကားတစ်စီး ၀င်တိုက်ခဲ့ပြီးနောက် အိမ်မွေးတွားသွား တိရိစ္ဆာန်လေးတွေ လွတ်နေကြောင်း ပြောပြထားပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ ကားက အရှိန်လွန်ပြီး ဆိုင်မှာ ကာထားတဲ့ မှန်တွေကို ၀င်တိုက်ခဲ့တာကြောင့် မှန်တွေကွဲပြီး အတွင်းမှာရှိတဲ့ အဆိပ်မရှိတဲ့ မြွေတွေနဲ့ တောက်တဲ့တွေ အများကြီး လွတ်ကုန်တယ်လို့ သူက ဆိုပါတယ်။

ကားမတော်တဆမှုအပြီးမှာတော့ အမျိုးသမီးနဲ့ ကလေးလေး ထိခိုက်မှုမရှိခဲ့ပေမယ့် အနီးအနားကို လွတ်ထွက်ကုန်တဲ့ အကောင်တွေကို လိုက်ရှာခဲ့ကြရပြီး ခုထက်ထိ လေးကောင် ရှာမတွေ့သေးပါဘူးတဲ့။

ဒီတွားသွားသတ္တ၀ါတွေက လူတွေကိုတော့ ဒုက္ခမပေးနိုင်ပါဘူးလို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment