Powered by Blogger.

စက်ရုပ် ၈ရုပ်နဲ့အတူ ရှော့ပင်းထွက်ခဲ့တဲ့ တရုတ်ခရိုနီတစ်ဦး



တရုတ်နိုင်ငံက သန်းကြွယ်သူဌေး ခရိုနီ တစ်ဦးဟာ ပြီးခဲ့တဲ့ အပတ်က ရှော့ပင်းစင်တာ တစ်ခုမှာ စက်ရုပ် ၈ ရုပ်နဲ့အတူ ဈေးဝယ်ထွက်လာတာကို တွေ့ခဲ့ရပါတယ်။

အသက်အရွယ် အလယ်အလတ်သာရှိသေးတဲ့ ထို တရုတ်ခရိုနီ သူဋ္ဌေးဟာ Guangzhou ပြည်နယ်မှာရှိတဲ့ ရှော့ပင်းစင်တာတစ်ခုကို ဈေးဝယ်ထွက်ထားပြီး လူသားနဲ့ အလွန်တူတဲ့ စက်ရုပ် ၈ ရုပ်က သူဝယ်ယူထားတဲ့ ပစ္စည်းတွေကို သယ်ယူပေးနေတာကိုတွေ့ရပါတယ်။ ဓါတ်ပုံတွေထဲမှာတော့ ထိုစက်ရုပ်တွေဟာ တရုတ်ခရိုနီ သူဋ္ဌေးရဲ့  ရေ ၊ ကုတ်အကျီင်္ နဲ့ တစ်ဘက် တို့ကိုလည်း သယ်ယူပေးနေတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ထို အမည်မဖော်လိုသူ တရုတ်သူဋ္ဌေး ကို တရုတ်ပြည်တွင်းမီဒီယာ တွေက “Tuhao” လို့ သမုတ်ပြီး ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဓိပ္ပာယ်ကတော့ အသက်ကြီးပြီး အချိန်မစီး သူ ၊ ချမ်းသာပြီး အရသာ မရှိသူ လို့ အဓိပ္ပာယ်ရပါတယ်။


တရုတ်နိုင်ငံ Guizhou ပြည်နယ်မှာရှိတဲ့ Guiyang မြို့တော်မှာရှိတဲ့ စားသောက်ဆိုင် တစ်ခုဟာလည်း လူသားနဲ့တူတဲ့ စက်ရုပ်တွေကို ၀န်ထမ်းအဖြစ် အသုံးပြုပြီးတဲ့နောက်မှာ စက်ရုပ်တွေဟာ တရုတ်နိုင်ငံရဲ့ ရေပန်းအစားဆုံး အရာများ ဖြစ်လာခဲ့ပါတယ်။

ဟောင်ကောင်မှာရှိတဲ့ အသက် ၄၂ နှစ်အရွယ် ဂရပ်ဖစ် ဒီဇိုင်နာ တစ်ဦးဖြစ်သူ Ricky Ma ဟာလည်း ဒေါ်လာ ၅ သောင်းခန့် အသုံးပြုပြီး Mark 1 လို့ခေါ်တဲ့ အမျိုးသမီး ပုံစံ စက်ရုပ် တစ်ရုပ်ကို တီထွင်ခဲ့တာကြောင့် နာမည်ကျော်ကြားခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment