Powered by Blogger.

ကမ္ဘာ့အသက်အကြီးဆုံးလို့ ယူဆရတဲ့ ခွေးကလေး အသက် ၃၀ မှာ သေဆုံးသွားခဲ့



ကမ္ဘာ့အသက်အကြီးဆုံးလို့ ယူဆရတဲ့ ခွေးကလေးဟာ သူအိပ်ပျော်နေစဉ်မှာပဲ သေဆုံးသွားကြောင်း သြစတြေးလျလူမျိုးပိုင်ရှင်တွေက ပြောကြားသွားပါတယ်။

မွေးမြူရေးခြံပိုင် Brian McLaren က သူ့ရဲ့ခွေးမလေး Maggie ဟာ အင်္ဂါနေ့မနက်ပိုင်းကပဲ သူ့ရဲ့အိပ်ယာလေးထဲမှာ အိပ်ပျော်နေရင်းနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

 “ သူက အသက် ၃၀ ရှိပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်ကထိတော့ သူက အကောင်းကြီးပါပဲ။ ရုံးခန်းကနေ မွေးမြူရေးခြံအထိ လမ်းလျှောက်တယ်၊ ကြောင်တွေနဲ့လည်း ဆော့နေပါသေးတယ်။ ပြီးခဲ့တဲ့ ၂ရက်ကတောင် Dwonhill ကိုသွားသေးတယ်၊ မနေ့ကမနက်ပိုင်း နေ့လည်စားစားဖို့ အိမ်ပြန်လာတော့ သူ အသက်မရှိတော့ဘူး” လို့ McLaren က The Weekly Times ကို ပြောသွားပါတယ်။

 “ ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ် ဒါပေမယ့် သူထွက်သွားတဲ့ ပုံစံလေးကတော့ အေးချမ်းလို့ ကျေနပ်ရပါတယ် “ လို့လည်း သူက ဆိုပါတယ်။

Maggie က အသက် ၃၀ အရွယ်ဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ခွေးဖြစ်နိုင်တယ်လို့ ယုံကြည်ပေမယ့် ဒီလို ဂင်းနစ်စံချိန်တင်အဖြစ် မှတ်တမ်းတင်အသိအမှတ်ပြုနိုင်ဖို့ ပိုင်ရှင်ဖြစ်သူ McLaren က စာရွက်စာတမ်းတွေ မလုပ်ချင်တဲ့အတွက် မှတ်တမ်းတင်ထားခြင်းတော့ မရှိပါဘူး။ ဂင်းနစ်စံချိန်မှာ ၁၉၃၉ခုနှစ်က မှတ်တမ်းတင်ထားခဲ့တဲ့ အသက်အကြီးဆုံး ခွေးကတော့ ၂၉ နှစ်ဖြစ်ပါတယ်။

McLaren က သူ့မိသားစုအနေနဲ့ Maggie ကို ၈ လသားအရွယ်ကတည်းက မွေးခဲ့ကြတာလို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment