Powered by Blogger.

အ၀တ်မပါပဲ စားသောက်ရမယ့် ကိုယ်လုံးတီး စားသောက်ဆိုင်ကို လန်ဒန်မှာ စတင်ဖွင့်လှစ်



ညစာ သွားစားတဲ့အခါမှာ ၀တ်စုံရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အာရုံနောက်စရာ မလိုဖို့အတွက် လန်ဒန်မြို့ က ဥာဏ်ကြီးရှင် တစ်ချို့  က စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ စားသောက်ဆိုင်ကတော့ စားသုံးသူတိုင်း အ၀တ်ဗလာ နဲ့ ၀င်ရောက်စားသောက်ရတဲ့ ကိုယ်လုံးတီး စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

ထိုစားသောက်ဆိုင်နာမည်ကို Bunyadi လို့ အမည်ပေးထားပြီး ဆိုင်တွင်း ပြင်ဆင်မှုတွေကို အပြီးသတ်လုပ်ဆောင်နေပြီဖြစ်သလို ဇွန်လမှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုစားသောက်ဆိုင်မှာ ရရှိနိုင်မယ့် အစားအစာတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ကိုယ်တိုင် အိမ်တွင်း စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး ထင်းစိုက်ပြီးရရှိတဲ့ မီးအပူ နဲ့ အကင်များကို ပြုလုပ်ရောင်းချမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

အထူးခြားဆုံး အရာကတော့ ထို စားသောက်ဆိုင်မှာ စားသုံးသူတိုင်းဟာ အ၀တ်မပါပဲ ၀တ်လစ်စလစ် နဲ့ စားသုံးရမှာ ဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်ထဲ ၀င်ဝင်ခြင်းမှာတော့ သင့်အနေနဲ့ ဘားဧရိယာ ကို တွေ့ရမှာပါ။ ထိုနေရာမှာတော့ လူတိုင်းအ၀တ်အစားဝတ်ထားကြပါတယ်။သင်ဟာ အ၀တ်အစားဝတ်ထားဖို့ လိုအပ်ပါတယ်။အစားအစာတွေ မှာကြားပြီးပြီဆိုရင်တော့ အ၀တ်လဲခန်းကို သွားရမှာပါ။ အ၀တ်လဲခန်းထဲမှာတော့ သင့်ကို ၀တ်ရုံ တစ်ထည်ပေးမှာပါ။

ထိုဝတ်ရုံနဲ့ သတ်မှတ်ထားတဲ့ ၀တ်လစ်စလစ် စားပွဲဝိုင်းတွေဆီကို သွားရမှာဖြစ်ပြီး စားပွဲဝိုင်းတိုင်းကို သီးသန့် ဖြစ်နေစေဖို့ အကာ တွေထားရှိပေးထားပါတယ်။အလင်းရောင်ကိုလည်း မှိန်ပြပြသာ ထားရှိပေးထားတယ်လို့လည်း သိရပါတယ်။ သင့်စားပွဲဝိုင်းကို ရောက်ရင်တော့ ၀တ်ရုံကို ချွတ်ပြီး ၀တ်လစ်စလစ် အစားအသောက် စားသုံးရမှာ ဖြစ်ပါတယ်။

အ၀တ်အစား မချွတ်ချင်သူတွေအတွက်တော့ အကာ မရှိတဲ့ စားပွဲဝိုင်းတွေမှာ စားသုံးနိုင်တယ်လို့လည်း သိရပါတယ်။ ဇွန်လ မှာ စတင်ဖွင့်လှစ်မယ့် ထိုစားသောက်ဆိုင် အတွက် ကြိုတင် စာရင်းသွင်းထားသူ ၄၀၀၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref :


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment