Powered by Blogger.

LA ကို အမေရိကန်ရဲ့  လေထုညစ်ညမ်းမှု အများဆုံး မြို့  အဖြစ် ၃ နှစ်ဆက်တိုက် သတ်မှတ်



အိန်ဂျယ် တို့ရဲ့  မြို့ တော်လို့ လူသိများတဲ့ လော့အိန်ဂျလိစ်မြို့  ဟာ အမေရိကန် ပြည်ထောင်စု ရဲ့  လေထုညစ်ညမ်းမှု အများဆုံး မြို့  အဖြစ် ၃ နှစ်ဆက်တိုက် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

LA မှာ နေထိုင်သူတွေအတွက်ကတော့ ထို မြို့ ဟာ လေထုညစ်ညမ်းမှု များနေမှန်းမသိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လော့အိန်ဂျလိစ် မြို့  ဟာ အုန်းပင် ၊ ထန်းပင် တွေနဲ့ ပြည့်နှက်နေလို့ပါ။

ဒါပေမယ့်လည်း အမေရိကန် အဆုတ် ရောဂါ အဖွဲ့အစည်း ဖြစ်တဲ့ LAist အဖွဲ့ရဲ့  ထုတ်ပြန်ချက်အရတော့ လော့အိန်ဂျလိစ် မြို့ ဟာ မော်တော်ယာဉ်တွေက တစ်ဆင့် ကာဗွန် ထွက်ရှိမှု ကြောင့် အမေရိကန်နိုင်ငံရဲ့  လေထု ညစ်ညမ်းမှုအများဆုံး မြို့  အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထို အဖွဲ့အစည်းက သတ်မှတ်ထားတာကတော့ ကယ်လီဖိုးနီးယား ပြည်နယ် မှာရှိတဲ့ မိသားစုပေါင်း ၃၂ သန်းခန့်ဟာ ကျန်းမာရေး နဲ့ ညီညွှတ်မှုမရှိတဲ့ လေထု အနေအထားမှာ နေထိုင်နေရတယ် ဆိုတာပါပဲ။ ဒါကြောင့် ပျမ်းမျှအားဖြင့် လူဦးရေ ၃၂ သန်းခန့်ဟာ အဆုတ်ကင်ဆာ ၊ နှလုံးရောဂါ ၊ ပန်းနာ ရောဂါ တို့ကို နှစ်စဉ် ခံစားရဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : elitedaily

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment