Powered by Blogger.

တင်းနစ်ဘောလုံးထဲကနေ ရေဘ၀ဲတစ်ကောင်ကို ကလေးတွေ ရှာဖွေတွေ့ရှိ




သြစတြေးလျနိုင်ငံမှ မိခင်တစ်ဦးဟာ သူ့ရဲ့ကလေးငယ်တွေက တင်းနစ်ဘောလုံးတစ်လုံးကို ကောက်ရပြီး မိနစ် ၂၀ လောက် ဆော့ကစားပြီးတဲ့ နောက်မှာတော့ ဘောလုံးထဲကနေ သေစေနိုင်တဲ့ အဆိပ်ပြင်း အပြာရောင် ရေဘ၀ဲတစ်ကောင်ကို တွေ့ရှိခဲ့၇တယ်လို့ ဆိုပါတယ်။

Western Australia, Perth မှ Kristy Edgelow ဆိုသူအမျိုးသမီးဟာ သူ့ရဲ့ကလေးတွေနဲ့အတူ North Fremantle ရှိ Swan မြစ်ကမ်းနားကို သွားရောက်လည်ပတ်ခဲ့ကြပြီး တင်းနစ်ဘောလုံးတစ်လုံးကို ကောက်တွေ့ခဲ့ကြပါသတဲ့။

သူတို့အတွေ့အကြုံကို ဖေ့ဘွတ်မှာ ဖော်ပြထားခဲ့ပြီး မြစ်ကမ်းထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကိုလည်း အသိပေးထားပါတယ်။

မြစ်ကမ်းထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေကတော့ Edgelow ရဲ့အဖြစ်အပျက်မျိုး ကြုံတွေ့နိုင်ကြောင်း လာရောက်လည်ပတ်သူများကို အရေးပေါ်သတိပေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလို အဆိပ်ရှိသတ္တ၀ါတွေက တင်းနစ်ဘောလုံဟောင်းတွေ၊ အခွံမာတွေ၊ စည်သွပ်ဗူးဟောင်းတွေထဲမှာ ပုန်းအောင်းနေတတ်လေ့ရှိပါတယ်။ ကမ်းခြေမှာ ဆော့ကစားလေ့ရှိကြတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ကလေးတွေကို ဂရုစိုက်ကြဖို့လိုပါတယ်။ ဒီလို အဆိပ်ရှိသတ္တ၀ါတွေက အဆိပ်ပိုပြင်းလေ အရောင်အသွေးပို စုံလင်လေဖြစ်ပါတယ်။” လို့ လည်း ပို့စ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment