Powered by Blogger.

အမေရိကရဲ့ ပထမဆုံး ခွေး ကဖေးကို ကယ်လီဖိုးနီးယားမှာ ဖွင့်လှစ်




ကယ်လီဖိုးနီးယားရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုက ဧည့်သည်တွေ ကဖေး စတိုင်လ် ဖျော်ရည်တွေသောက်သုံးနေစဉ်မှာ အိမ်တွေကို အမြဲရှာဖွေနေတဲ့ ခွေးတွေအတွက် အပြန်အလှန် အကျိုးသက်ရောက်တဲ့ အခွင့်အရေးကို ပေးအပ်ခဲ့ပါတယ်။
လော့အိန်ဂျလိစ်မှာရှိတဲ့ “The Dog Café”က ပြည်တွင်းနဲ့ နိုင်ငံခြားမှာ ကြောင်တွေနဲ့ပတ်သက်ပြီး ပေါ်ပြူလာဖြစ်လာတဲ့ အိမ်မွေးတိရစ္ဆ္ဆာန် လက်ခံပေးခြင်းကို USမှာ သူတို့ ပထမဆုံးအဖြစ် စတင်လုပ်ကိုင်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အဆိုပါ ကဖေးရဲ့ ၀က်ဘ်ဆိုက်မှာတော့ “The Dog Caféက ကြောက်ရွံ့မှုတွေနဲ့ အနိုင်ကျင့်မှုတွေရှိပြီး  ပြည့်ကျပ်နေတဲ့ တိရစ္ဆ္ဆာန်ဂေဟာတွေကနေ ဝေးကွာ ကင်းဝေးပြီး လူတွေနဲ့ခွေးလေးတွေအတွက် ကျင်လည်ကျက်စားပျော်ပါးဖို့ ပျော်စရာကောင်းတဲ့ နေရာကို ပေးမှာဖြစ်တယ်”လို့ရေးသားထားပါတယ်။
ဆိုင်ဖွင့်ပွဲကို ကြာသပတေးနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး April ၁၂ရက်နေ့မှာ အပြည့်အ၀ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်။
လာရောက်လည်ပတ်သူတွေဟာ တာဝန်ရှိကြောင်း လက်မှတ်ထိုးရမှာဖြစ်ပြီး ၅၅မိနစ်စာ ခွေးနဲ့လည်ပတ်မှုအပါအ၀င် သောက်စရာတစ်မျိုးပါ ပါဝင်တဲ့ ၀င်ကြေး ဒေါ်လာ ၁၀ပေးရမှာဖြစ်ပါတယ်။
ရရှိနိုင်တဲ့ခွေးအမျိုးအစားတွေကို ကဖေးရဲ့ ၀က်ဘ်ဆိုက်မှာ တွေ့နိုင်မှာဖြစ်ပြီး အတိုချုပ်ပင်ကိုစရိုက်တွေနဲ့ နောက်ခံအကြောင်းတွေကိုပါ ဖော်ပြထားပေးမှာဖြစ်ပါတယ်။
မြို့ရဲ့ ခွင့်ပြုချက်မရသေးတဲ့အတွက် ဧည့်သည်တွေရဲ့ နဂိုရှိတဲ့ ခွေးတွေကို ဆိုင်ထဲကို ခေါ်ဆောင်ဖို့ ခွင့်မပြုထားပါဘူး။
The Dog Caféရဲ့ ခွေးလေးတွေကို မွေးစားဖို့အတွက် အွန်လိုင်းကနေ လျှောက်နိုင်ပြီး ၀န်ဆောင်မှုတွေကိုတော့ ဗုဒဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ နံနက် ၁၁နာရီကနေ ည ၇နာရီအထိ ရရှိနိုင်တယ်လို့ဆိုပါတယ်။
(Beauty Syh)

သစ်ထူးလွင် (ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref;UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment