Powered by Blogger.

အမေဖြစ်သူက သားဖြစ်သူနဲ့ လိင်ဆက်ဆံရတာ မယုံကြည်နိုင်ဖွယ်ရာဖြစ်ပြီး လက်ထပ်ဖို့နဲ့ ကလေးယူဖို့အစီအစဉ်ဆွဲနေတယ်လို့ ထုတ်ဖော်ပြောခဲ့




သူမရဲ့ သားကို မွေးစားဖို့ ပေးခဲ့ပြီး နှစ် ၃၀ကျော် အကြာမှာ ပြန်ဆုံခဲ့တဲ့ အမေဟာ သူမတို့နှစ်ယောက် ချစ်ကြိုက်နေကြပြီး ကလေးရဖို့အတွက် အတူကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
အသက် ၅၁နှစ်အရွယ် ကင်မ် ၀က်စ်(Kim West) ဟာ အသက် ၃၂နှစ်အရွယ် သား Ben Ford (ဘန် ဖို့ဒ်)နဲ့ ချစ်ကြိုက်နေတာ ၂နှစ်လောက်ရှိပြီ လို့ဆိုပါတယ်။သူမဟာ သားဖြစ်သူကို မွေးပြီးပြီးချင်း တစ်ပတ်အကြာမှာ မွေးစားဖို့ ပေးပစ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါစုံတွဲဟာ သူတို့ရဲ့ လိင်ဆက်ဆံမှုဘ၀ဟာ မယုံနိုင်စရာဖြစ်ပြီး လက်ထပ်ဖို့ စီစဉ်နေကြတယ်လို့ဆိုပါတယ်။ဒါ့အပြင် သူတို့ရဲ့ ဆက်ဆံရေးဟာ သွေးရင်းစပ်ယှက်မှုကြောင့်မဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကို မပြောင်းနိုင်ဘူးလို့The Day Reportsကို ပြောခဲ့ပါတယ်။
အဲဒီအစား သူတို့ကတစ်ယောက်နဲ့တစ်ယောက် အရွယ်ရောက်လာတဲ့အခါ စိတ်ဝင်စားပြီးတပ်မက်တဲ့ ဆွေမျိုးတော်စပ်သူတွေမှာ ဖြစ်တဲ့ “Genietic Sexual Attraction”(GPA)ဆိုတဲ့ အခေါ်အဝေါ်အကြောင်း ရှင်းပြခဲ့ပါတယ်။
USမှာနေတဲ့ ဘန်ဟာ အင်္ဂလန်မှာနေထိုင်တဲ့ မိခင်ဖြစ်သူထံကို ၂၀၁၃မှာ စာတစ်စောင်ပို့အပြီး သူတို့ရဲ့ ဆက်ဆံရေးကို စတင်ခဲ့ကြတာဖြစ်ပါတယ်။
ဘန်ဟာ သူရဲ့ဇနီးဖြစ်သူ ဗစ်တိုးရီးယား(Victoria)နဲ့ လက်ထပ်ပြီး နှစ်နှစ်အကြာမှာ ကွာရှင်းခဲ့ပြီး သူရဲ့အမေနဲ့စတင်ပတ်သက်ခဲ့ပါတယ်။
အဆိုပါ စုံတွဲဟာ ပထမဆုံး မတွေ့ဆုံခင် ဖုန်းခေါ်ဆိုမှုတွေ  လဲလှယ်ခဲ့ပြီး ကင်မ်က သူမတို့ဟာ တစ်ယောက်နဲ့တစ်ယောက် နှစ်ပေါင်းများစွာတည်းက သိကျွမ်းနေသလို ခံစားရတယ်လို့  ဆိုပါတယ်။
အိမ်တွင်းအလှဆင် ဒီဇိုင်နာဖြစ်တဲ့ ကင်မ်ဟာ သူမရဲ့သားနဲ့ပတ်သက်ပြီး စိတ်ကို လျော့ထားဖို့ ကြိုးစားခဲ့ပေမယ့် သူမမှာ သားဖြစ်သူနဲ့ လိင်ဆက်ဆံဖို့ အိပ်မက်တွေရှိနေတာကို တွေ့ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ကင်မ်နဲ့ ဘန်တို့ဟာ ဟိုတယ်တစ်ခုမှာ ချိန်းတွေ့ခဲ့ကြပြီး အရက်တွေနဲ့ ရှန်ပိန်တစ်လုံးမှာခဲ့တဲ့အပြင် သူတို့ရဲ့ ပထမဆုံးအနမ်းကို ပေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဘန်က သူမကို စိတ်သက်သာရတယ်လို့ ဆိုခဲ့ပြီး သူတို့ အကြိမ်ပေါင်းလိင်မဆက်ခံခင်မှာ သူမိန်းမ ဗစ်တိုးရီးယားနဲ့ပတ်သက်ပြီး ခံစားချက်တွေ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
သုံးရက်အကြာမှာတော့ ဘန်က ဗစ်တိုးရီးယားကို သူရဲ့အမေနောက် လိုက်သွားတော့မယ်လို့ပြောခဲ့ပြီး နှစ်ယောက်သား မီချီဂန်ကို ပြန်ခဲ့ကြပါတယ်။မီချီဂန်မှာ သူတို့လိုပဲ အခြား GPA စုံတွဲက ကူညီပေးခဲ့ပြီး ဘ၀သစ်တစ်ခု စတင်ခဲ့ကြပါတယ်။
ကင်မ်က သူမရဲ့သားနဲ့လိင်ဆက်ဆံရတာ မယုံနိုင်စရာဖြစ်ပြီး စိတ်လွင့်မျောရတယ်လို့ The New Dayကို ဖွင့်ဟခဲ့ပါတယ်။
ကင်မ်က ဆက်လက်ပြီး “ဒါဟာ သွေးသားစပ်ယှက်မှု မဟုတ်ပါဘူး GPA တစ်ခုပါ ငါတို့ဟာ တောင်းထဲက ပဲတွေ နဲ့ တူပြီးတော့  ဒါက အတူတကွရှိတာကို ဆိုလိုတယ်”
“လူတွေက ကျွန်မတို့ကို စိတ်ပျက်စရာကောင်းပြီး ကျွန်မတို့ ရဲ့ ခံစားချက်တွေ ထိန်းသိမ်းရမယ်လို့ ပြောမယ်ဆိုတာ သိပါတယ် ဒါပေမယ့် မင်း အချစ်နဲ့ပတ်သက်ရင် အရာရာကို စွန့်လွှတ်နိုင်ပြီး ရင်ဆိုင်ချင်လိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူမက “ဒါက တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးဖြစ်ပြီး ဘန်နဲ့ ကျွန်မ ဘယ်တုန်းကမှ ဝေးသွားဖို့ မစဉ်းစားဖူးဘူး”လို့ ဆိုပါတယ်။
(Beauty Syh)
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref;Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment